❤️ အပိုင်း 22 ❤️

13K 459 5
                                    

❤️ Love & Fortune ❤️

အပိုင်း 22

"ယောနိုင်ငံ.... ယောနိုင်ငံလို့ "

သူ့နာမည်အား ခေါ်နေသည့်အသံသဲ့သဲ့လေးကြောင့် ယော အိပ်နေရာမှ နိုးသွားခဲ့ရပြီး အလိုလို မျက်မှောင်တွေကျုံ့သွားရသည်။

"ယောနိုင်ငံဆို....."

"အင်း.... ဘာလဲ ပိုးရုံရာ.... ကိုယ်အိပ်နေတာကို .... "

"မအိပ်နဲ့တော့လေ..... အခုပဲ မနက် 8နာရီခွဲနေပြီ.... ရှင် ကျွန်မကို ဒီနေ့ Cheonjiyeon ရေတံခွန်ဆီ လိုက်ပို့ပေးမယ်လို့ ပြောထားတယ်လေ..... ဘယ်အချိန်ထိ ဆက်အိပ်နေမှာလဲလို့ .....ဟိုမှာ 9 နာရီပဲ ထိုးတော့မယ်...."

လူအနားလာပြီး တိုးတိုး တိုးတိုးနဲ့ ပွစိပွစိ ပြောနေသော သူမကြောင့် ယော ဘယ်လိုမှ ဆက်အိပ်လို့ မရတော့သည့် အဆုံး အိပ်ရာမှ ထလိုက်ရသည်။

ဟိုတနေ့က သူမတို့ သားအမိ ပစ္စည်းတွေအလုခံလိုက်ရပြီး မရောက်ဖြစ်ခဲ့တဲ့  Cheonjiyeon ရေတံခွန်ကို ဒီနေ့လိုက်ပို့ပေးမယ်ဟု ယော ပြောမိခဲ့တဲ့အတွက် သူမက အခုလိုမျိုး လူအနားလာပြီး ကြောင်ပေါက်လေးတစ်ကောင်လို နားပူနားဆာလာလုပ်နေခြင်း ဖြစ်၏။

သူမတို့သားအမိနဲ့ ဒီနေ့တနေကုန် လျှောက်လည်နိုင်အောင်လို့ ယောမှာ မနက် ၄ နာရီခွဲတဲ့အထိ အလုပ်ကို လုပ်ခဲ့ရသည်။ ညထဲက လုပ်နေခဲ့သော သူ့အလုပ်တွေဟာ မနက် ၄နာရီခွဲ သွားမှပဲ လက်စသပ်လို့ ပြီးတော့၏။

ထို့ကြောင့် အားလုံးကို သိမ်းဆည်းပြီး သူမအနားမှာ ယော ၀င်အိပ်တော့ပဲ မနက် ၅နာရီထိုးနေပြီ။

အခု ၈နာရီခွဲမှာ သူမက လာနှိုးသည့်အတွက်ကြောင့် ယောရဲ့ အိပ်ချိန်ဟာ ၃နာရီခွဲသာရှိခဲ့ပြီး ဘယ်လိုမှ အိပ်ရေးမ၀ပါ။

"ဒီနေ့ Cheonjiyeon ရေတံခွန်ဆီ လိုက်ပို့ပေးမယ်ဆို....."

သူမက မျက်နှာသစ်ပြီးခါစ ပုလဲလုံးလေးလို ပြောင်ဥနေသော မျက်နှာလေးဖြင့် သူ့အား သိချင်စွာမေးလာသည်။

ယော တစ်ချက် သမ်းဝေလိုက်ပြီးမှ....

"အင်းလေ လိုက်ပို့မှာပါ.... ဒါပေမဲ့ အခုမှ ၉နာရီတောင်မထိုးသေးဘူး ပိုးရုံရာ .... ဒီနေ့အတွက် ကိုယ့်အလုပ်တွေအားလုံးကိုလက်စသပ်ပြီးပြီ.... ဘာအလုပ်မှ မရှိတော့လို့ အေးဆေးလျှောက်လည်လို့ရတယ်..... အဲ့တာကြောင့် ခဏ ပြန်အိပ်ရအောင်ကွာနော်...."

❤️ Love & Fortune ❤️Where stories live. Discover now