❤️ အပိုင်း 42 ❤️

9.9K 379 8
                                    

❤️ Love & Fortune ❤️

အပိုင်း 42

ဂေဟာမှာ အသားကုန်ဆော့လာခဲ့တာကြောင့်ရော၊ ဂေဟာက အပြန်မှာ ၀မ်းနည်းတကြီးငိုခဲ့တာကြောင့်ရောမို့ ညရောက်တော့ သားလေးက ပင်ပန်းပြီး အစောကြီးအိပ်ပျော်သွားရှာသည်။

ထို့ကြောင့် သားလေး ညဘက်ကို ဖျားမှာစိုးရိမ်ပြီး သားကို ဒီနေ့တော့ သူမတို့နဲ့သာ ခေါ်သိပ်ဖြစ်ခဲ့၏။

နက်ပြာရောင်ကွက်စိပ် pajamas လေးနဲ့ သားက ချစ်ဖို့အရမ်းကောင်းလွန်းသည်။

သူမတို့ဘ၀မှာ သားအခုလိုမျိုး ၀မ်းနည်းတကြီးနဲ့ ရှိုက်ကြီးတငင် ငိုကြွေးခဲ့တာမျိုး ပိုးရုံ  လုံး၀ မမြင်ဖူးခဲ့ပါ။

အရင်က သားလေးဟာ ယောနဲ့ သူမရဲ့ အေးစက်မှုတွေကြောင့် ခံစားချက်သိပ်မရှိတဲ့ ကလေးလေးတစ်ယောက်ဖြစ်ခဲ့ရသည်။

အခုတော့ သားက ပျော်ရွှင်စရာဆို ပျော်နေတတ်ပြီး ၀မ်းနည်းစရာဆိုရင်လဲ ငိုကြွေးတတ်နေလေပြီ။ သားလေးအခုလိုမျိုး ခံစားချက်လေးတွေ ရှိတတ်လာတာကိုပဲ ပိုးရုံ အရမ်း၀မ်းသာမိ၏။

"သားလေး အိပ်ပျော်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာ..."

ယောက အိပ်ပျော်သွားတဲ့ သူ့သားကို ကြည့်ပြီး ပြောလျှင် ပိုးရုံ ပြုံးလိုက်မိသည်။

"အဲ....."

ထိုအခါ သူမရင်ခွင်ထဲက နေရာတကာပါချင်တဲ့ စပ်စုစိန်လေးက ပါးစပ်ထဲမှ နို့ကို ချွတ်ကာ အဲ ဟု လှမ်းပြောသည်။

"ကဲပါ ကြိုးကြိုးရယ်....အရွယ်လေးက ပိစိညှောင့်တောင့်လေးပဲရှိသေးတယ်..... နေရာတကာ ၀င်၀င်​ပါချင်လိုက်တာလဲလွန်ရော .... ကိုယ့်ဟာကိုယ် နို့သာစို့နေပါ.... ပြီးရင် ကြိုးကြိုးလဲ ကိုကို့လိုမျိုး အိပ်ရမယ် ကြားလား...... "

"အဲ ၀ူး ...."

"ဘာမကြားဘူးလဲ .... ကိုကိုက အစောကြီးအိပ်သွားတာ ဘယ်လောက်လိမ္မာလိုက်လဲ.... ကြိုးကြိုးသာ အခုထိ မအိပ်သေးဘဲ လူဆိုးလေးလုပ်နေတာမလား...."

"အီး...."

"အမလေး မာမီ့သမီးလေးကို မာမီက
မပြောပါဘူး..... မာမီက ချစ်လို့စတာပါ.... မာမီ့ကြိုးကြိုးက လူဆိုးလေး မဟုတ်ပါဘူး.....အရမ်းလိမ္မာတဲ့ princess လေးပါ..... အဲ့တာကြောင့် နို့လေးစို့ပြီး အိပ်တော့နော် ကြိုးကြိုးလေး.... မာမီကြိုးကြိုးလေးက အရမ်းလိမ္မာတာ ဟုတ်တယ်မလား..... "

❤️ Love & Fortune ❤️Waar verhalen tot leven komen. Ontdek het nu