❤️ အပိုင်း 96 ❤️

6.2K 312 4
                                    

❤️ Love & Fortune ❤️

အပိုင်း 96

ယော အမေ့ကို ပို့ပေးပြီး အိမ်ကိုပြန်ရောက်လာတော့ ဧည့်ခန်းထဲမှာ သားနဲ့ သမီးက အရုပ်လေးတွေဆက်နေကြတုန်းပင်။

"ဟာ ဒယ်ဒီ ပြန်ရာပီရား.... "

ယော ကလေးတွေနားမှာ ခဏ၀င်ထိုင်လိုက်ပြီး သမီးရဲ့ ပါးဖောင်းဖောင်းလေးကို ငုံ့နမ်းလိုက်သည်။

"မာမီရော သမီး...."

"မာမီက အပေါ်ထပ်မှာရေ ....ဒါနဲ့ ဒယ်ဒီက ဒီနေ့နောက်ကျမယ်ဆိုပီး ဘာရို့ အိမ်ကို စောစောပြန်ရာသာရဲဟင်....."

"တစ်ခုခုဖြစ်လို့လားဟင် ဒယ်ဒီ .... မာမီ့ကို ကြည့်ရတာလဲ တစ်ခုခုကို စိတ်ဆိုးနေသလိုပဲ....."

အရိပ်အခြေကြည့်တတ်သည့် သားလေးက ထိုသို့ပြောလာလျှင် ယော စိတ်ထဲ မောသွားရသည်။

"သားမာမီက ဒယ်ဒီ့ကို စိတ်ကောက်သွားလို့ သားရဲ့ .... "

"ဘာဖြစ်လို့လဲဟင် ဒယ်ဒီ "

"သားမာမီ ထမင်းဘူး လာပို့တဲ့အချိန်မှာ ဒယ်ဒီက ညစာစားပြီးသွားလို့လေ.... "

"အယ် မာမီက စိတ်ကောက်သွားရင် ကြိုးကြိုး ကူချော့ပေးရမား ဒယ်ဒီ...."

သမီးက ကူချော့ပေးရမလားဟု ဆိုလာလျှင် ယော လန့်သွားမိသည်။

ဟိုတစ်ခါကလဲ သမီးစကားကို ယုံမိလို့ သူတစ်ခါခံရပြီးပြီ မဟုတ်လား။

အခုတစ်ခေါက်တော့ ယော သမီးလေးရဲ့ အကူအညီကို ကျေးဇူးတင်စွာနဲ့ပဲ ငြင်းပယ်လိုက်၏။

"အဟွန်း ရပါတယ်သမီးရဲ့ .... ဒီတစ်ခါတော့ မာမီကို ဒယ်ဒီကိုယ်တိုင်ပဲ ပြန်ချော့လိုက်တော့မယ်နော်..."

"ကြိုးကြိုးရဲ့  အကူအညီရိုရင်ပြောနော် ဒယ်ဒီ .... ကြိုးကြိုး ကူညီပေးမယ်....."

"ဟုတ်ပါပြီ ဒယ်ဒီ့ရဲ့ အချစ်ကလေးရဲ့ .... "

"အဲ့တာဆို ညီမလေးကို သားပဲ ကြည့်ထားလိုက်မယ်လေ ဒယ်ဒီ ....ဒယ်ဒီက မာမီစိတ်ကောက်ပြေသွားအောင်လို့ အခု သွားချော့လိုက်ပါလားဟင် ..... "

သားလေး ပေးလာသည့် အကြံဥာဏ်ကို ယော လက်ခံတဲ့အနေဖြင့် ခေါင်းလေး ငြိမ့်လိုက်မိသည်။

❤️ Love & Fortune ❤️Where stories live. Discover now