🚨 အပိုင်း 7 🚨

26.8K 522 7
                                    

❤️ Love & Fortune ❤️

အပိုင်း - 7

🚨🚨 Warning - R 18+ 🚨🚨

🔞 Warning အသေအချာ ပေးထား၍ ဒီအပိုင်းအား အဆင်ပြေမှ ဖတ်ရှုပေးပါ အချစ်ကလေးတို့ရေ ... ပထမဆုံးအကြိမ် မျက်နှာပူပူနဲ့ ရေးထားတာမို့ အမှားပါသွားရင်လဲ နားလည်ခွင့်လွှတ်ပေးကြပါနော်...🔞

ပိုးရုံ သားလေးကိုနွားနို့ပို့ပေးပြီး အခန်းထဲပြန်၀င်လာတော့ ယောနိုင်ငံက ခေါင်းအုံးကို နောက်မှာမှီထားပြီး ​ခုတင်ပေါ်မှာ ခြေဆင်းထိုင်ကာ စာအုပ်တစ်အုပ်ကို စိတ်၀င်စားစွာဖတ်ရှုနေသည်။

သူ ပိုးရုံအား မကြည့်မှန်းသိနေပေမယ့်လဲ ခုဏကိစ္စအားမကျေနပ်တာကြောင့် ပိုးရုံ မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်မိကာ ညအိပ်ရာ၀င်ခါနီးတိုင်း သူမလုပ်နေကျ အရာတွေဖြစ်သည့် ညအိပ်၀တ်စုံလဲခြင်း၊ ညဘက် Skin Care ခြင်းတို့ကို ပြုလုပ်ရန်ပြင်လိုက်၏။

အရင်ဆုံး ဒီညအတွက် ၀တ်အိပ်မယ့် ညအိပ်၀တ်စုံဖြစ်သည့် ပေါ့ပေါ့ပါးပါး ပိုးသားဂါ၀န်ကြိုးတစ်လုံး ကြက်သွေးရောင်လေးကို လဲ၀တ်လိုက်ပြီးမှ ရေချိုးခန်းထဲ၀င်ကာ မျက်နှာကို သန့်စင်လိုက်သည်။

ထို့နောက် မှန်တင်ခုံမှာ အကျအနထိုင်ပြီး ညဘက် Skin Care ခြင်းကို စတင်တော့၏။

ပိုးရုံက မိတ်ကပ်တွေအလွန်အမင်းလိမ်းပြီး အလှပြင်ရခြင်းကို သဘောမကျပေမယ့် အသားအရည်ကျန်းမာအောင်လို့ အခုလို skin care ရခြင်းကိုတော့ နှစ်ခြိုက်သည်။

နဂိုထဲက အနုပညာသမားပီပီ ရိုးရှင်းတာကို သဘောကျ၍လားတော့မပြောတတ် မှန်ထဲမှာကြည့်လိုက်တိုင်း သူမမျက်နှာလေး ကြည်လင်၀င်းမွတ်နေတာမျိုးကိုပဲ ပိုးရုံသဘောကျ၏။

ထို့ကြောင့် မိတ်ကပ်မှန်မှန်မလိမ်းဖြစ်တာတောင် skin care ကတော့ မှန်မှန်လုပ်ဖြစ်သည်။

ခုဏက ရေချိုးခန်းထဲမှာ မိတ်ကပ်တွေအားလုံးဖျက်ကာ မျက်နှာကို သေသေချာချာသန့်စင်ခဲ့ပြီးပြီမို့ မျက်နှာမှာစိုကပ်နေတဲ့ ရေစက်လေးတွေကို ပြောင်အောင်သုတ်လိုက်ပြီး Toner လေး အရင်စ လူးလိုက်၏။

❤️ Love & Fortune ❤️Where stories live. Discover now