❤️ အပိုင်း 36 ❤️

11.8K 426 7
                                    

❤️ Love & Fortune ❤️

အပိုင်း 36

"မာမီ အရမ်းနာနေလားဟင်....."

ပိုးရုံ ဆေးရုံခုတင်ထက်မှာ လှဲလျောင်းနေရင်း သူမအနားသို့ မျက်ရည်တွေအ၀ဲသားဖြင့် ရောက်လာသည့် သားလေးကို ခေါင်းလေး ခါပြလိုက်မိသည်။

ဗိုက်နာလာတာနဲ့ ယောက ချက်ချင်းဆိုသလို မွေးဖို့ကြိုတင်ပြီးချိတ်ဆက်ထားခဲ့တဲ့ ဆေးရုံဆီသို့ ခေါ်ချသွားတာမို့ သားလေးပါ သူမတို့နဲ့အတူ ပါလာခဲ့ရ၏။

ဆေးရုံရောက်တော့ ဗိုက်ကမနာတော့ပေမယ့် သူမကိုယ်၀န်ကိုအပ်ထားသည့် ဆရာမကြီးက စစ်ဆေးကြည့်ပြီး Due Date ထက် စောမွေးမည့် အခြေအနေရှိတာကြောင့် အိမ်ကိုမပြန်စေတော့ဘဲ ဆေးရုံကိုပဲ တစ်ခါထဲ ကြိုတက်ခိုင်းသည်။

အခုလက်ရှိမှာတော့ ယောက သူမ မွေးတော့မယ်ဆိုတဲ့အကြောင်းကို ပြောပြရန် နှစ်ဖက်မိဘကို လှမ်းပြီး ဖုန်းဆက်နေတာကြောင့် ဆေးရုံခန်းအတွင်းမှာ သူမနဲ့ သားလေးသာရှိနေသည်။

"အခု မနာတော့ပါဘူး သားရဲ့ ..... မာမီက ခဏနေရင် ညီမလေးကို မွေးတော့မှာဆိုတော့ သားလေး ပျော်လား.....ညီမလေးကို တွေ့ရဖို့ရော အဆင်သင့်ဖြစ်နေပြီလား....."

ပိုးရုံ သားရဲ့ ပါးအိအိလေးကို ကိုင်ပြီး မေးလိုက်လျှင် သားက ခေါင်းလေးကို ဆတ်ခနဲ ငြိမ့်ပြလာသည်။

"ညီမလေးကို တွေ့ရတော့မှာမို့ သား ပျော်တယ် မာမီ.... ဒါပေမဲ့ မာမီကိုတော့ ခုဏကလို နာကျင်စေချင်ဘူး....."

ပိုးရုံမှာ သားလေးစကားကြောင့် စိတ်ထဲမှာ ကြည်နူးခြင်းတွေ အခါတစ်သိန်းလောက် ဖြစ်တည် သွားရသည်။

"အရမ်းကို လိမ္မာတဲ့ မာမီသားလေး .... ဒီကိုလာပါဦး မာမီက ဖက်ထားချင်လို့.... "

သားကို ပိုးရုံ လက်လေးဆန့်တန်းပြီးခေါ်လိုက်လျှင် သားက သူမကို လာဖက်တာကြောင့် ပိုးရုံ သားလေးကို ပြန်ဖက်ထားမိကာ သားရဲ့ ကျောပြင်လေးကို အသာပုတ်ပေးမိသည်။

"မာမီက ညီမလေးကို ရှောရှောရှူရှူနဲ့ သားအတွက်ခေါ်လာပေးမှာမို့ မာမီသားလေးက ဘာမှ မစိုးရိမ်နဲ့နော်....."

❤️ Love & Fortune ❤️Where stories live. Discover now