❤️ အပိုင်း 46 ❤️

8.7K 351 6
                                    

❤️ Love & Fortune ❤️

အပိုင်း 46

အိပ်ပျော်သွားပြီဖြစ်တဲ့ သမီးလေးကို ယောနဲ့ ထားခဲ့ပြီးတာနဲ့ ပိုးရုံ သူမရဲ့ အလုပ်ခန်းသို့ သွားကာ studio မှ ကလေးတွေနဲ့ meeting ထိုင်ရသည်။

တစ်နာရီနီးပါး meeting ထိုင်ပြီးနောက် သားလေးကျောင်းက ပြန်လာချိန်လဲ နီးနေပြီမို့ ပိုးရုံ meeting ကို အဆုံးသတ်နှုတ်ဆက်လိုက်ကာ မီးဖိုချောင်ရှိရာအောက်ထပ်ဆီသို့ ဆင်းလာခဲ့မိသည်။

မီးဖိုချောင်ထဲသို့ရောက်လျှင် သူတို့ညက ကြည့်ခဲ့သော ကိုရီးယားကားအကြောင်းကို အပီအပြင်ဆွေးနွေးနေကြသည့် မျိုးမျိုးတို့ ညီအစ်မကို တွေ့ရလေ၏။

"အယ်.... မမလေး ....ဘာ...ဘာလုပ်မလို့လဲဟင်...."

"သားလေးကျောင်းက ပြန်လာခါနီးပြီမို့ အဆာပြေမုန့်လေး လုပ်ပေးမလို့လေ ...."

"ဘယ်လိုအဆာပြေမုန့်လေး လုပ်မှာလဲဟင်မမလေး.....မျိုးမျိုးတို့ရော ဘာကူပေးရဦးမလဲဟင်...."

"နေနေရတယ်.....ငါလုပ်မယ့် အဆာပြေမုန့်လေးက လွယ်ပါတယ်....ငါ ညက online ကကြည့်ခဲ့တဲ့ မုန့်လုပ်နည်းနဲ့ လုပ်မှာလေ..... ကြက်ဥအစာသွပ်ကြော်...."

"ကြက်ဥအစာသွပ်ကြော် ဟုတ်လားမမလေး.... မျိုးမျိုးတို့ တစ်ခါမှ အဲ့တာကို မကြားဖူးဘူး....."

"မကြားဖူးရင် ဒီနေ့ ငါလုပ်ကျွေးမယ် စားကြည့်ကြည့်....."

"ဟီး မမလေးက အရမ်းစိတ်သဘောထားကောင်းတာပဲ.... အစ်ကိုလေးနဲ့ မမလေးတို့ရဲ့ အိမ်မှာ အလုပ်သမားလာဖြစ်ရတာ မျိုးမျိုးတို့ ညီအစ်မ အရမ်းကံကောင်းတာပဲသိလား....."

ပိုးရုံ ရေခဲသေတ္တာထဲမှ ကြက်ဥလေးတွေကို ပန်းကန်လုံးတစ်ခုထဲ ထည့်နေစဥ် မျိုးမျိုးစကားကြောင့် မျက်ခုံးတွေ ပင့်သက်သွားရသည်။

"အမယ်.... တယ်ဆိုတဲ့စာပါလား.....ဘာတွေ အရမ်းကံကောင်းတာလဲ ပြောပါဦး...."

"တကယ်ဆို မျိုးမျိုးတို့က ဒီအိမ်ရဲ့ အလုပ်သမားတွေလေမမလေးရဲ့ ....ဒါပေမယ့် မမလေးတို့က မျိုးမျိုးတို့ကို အိမ်သားတွေလိုပဲ ဆက်ဆံတယ်..... မျိုးမျိုးတို့ ညီအစ်မအတွက် အ၀တ်အစားတွေလဲဆင်ပေးတယ်..... နှစ်ကုန်ရင်ရွှေလေးဘာလေးလဲလုပ်ပေးတယ်.....အခုလိုမျိုး မုန့်တွေဘာတွေလုပ်စားရင်လဲ မျိုးမျိုးတို့ညီအစ်မကိုကျွေးတယ်.....နောက်ပြီး အစ်ကိုလေးက အပြင်ကနေ ၀ယ်လာတာမျိုးဆိုရင်လဲ မျိုးမျိုးတို့ ညီအစ်မအတွက်ပါပါတယ်.....ဒါနဲ့ မမလေး ကြက်ဥအစာသွပ်ကြော်က ဘယ်ကနေစလုပ်မှာလဲဟင်....."

❤️ Love & Fortune ❤️Where stories live. Discover now