❤️ အပိုင်း 87 ❤️

5.7K 306 5
                                    

❤️ Love & Fortune ❤️

အပိုင်း 87

အနီအသင်းသားတွေ အောင်ပွဲခံနေကြတာကိုကြည့်ပြီး ဇ မကျေမနပ်ဖြစ်လာရတာကြောင့် သူတို့အသင်းကို ရှုံးသွားအောင်လုပ်ခဲ့တဲ့ မာန့်ကိုပဲ တခုခုလုပ်ပစ်ရန် ထိုင်နေရာမှထကာ ပြေးသွားလိုက်သည်။

မာန်ကလဲ သူပြေးလာတာကို မြင်တာနဲ့ လက်ရှိရပ်နေတဲ့နေရာမှာ မနေတော့ဘဲ ထွက်ပြေးလေတော့သည်။

"ဟေ့ကောင် ရာဇမာန် မင်းအဲ့ဒီမှာရပ်နေစမ်း.... ငါဒီလောက်အတန်တန်မှာထားရက်နဲ့တောင်မှ မွှန်ထူပြီး ရှုံးအောင်လို့ လုပ်ဖြစ်အောင်လုပ်တယ်..... ငါဒီနေ့ မင်းကို အရှင်မထားဘူး ..... "

တကယ်တမ်းယှဥ်ပြေးကြပြီဆိုရင် ဇကို
မာန်ရော ခြိမ်းရော ဘယ်လိုမှ မယှဥ်နိုင်ပေ။

ထို့ကြောင့် မကြာခင်မှာပဲ မာန်တစ်ယောက် ဇရဲ့ လက်ထဲသို့ရောက်ရှိသွားရသည်။

"သူငယ်ချင်းရာ ပွဲလဲပြီးသွားပြီပဲ.....မင်း စိတ်ကိုထိန်းစမ်းပါကွာ..."

"ချီးကို စိတ်ထိန်းရမှာလား.... မင်း တမင်သက်သက်လုပ်လိုက်တာကို ငါမသိဘူးများ ထင်နေလား.....ဟမ် ကြိုးကြိုးမျက်နှာမကောင်းတာနဲ့ပဲ ငါတို့တစ်သင်းလုံးကို ရှုံးအောင် မင်းလုပ်ပစ်လိုက်တာလေ....

မင်းကို တိုက်စစ်မှူးနေရာက ပြုတ်အောင်မှ မလုပ်နိုင်ရင် ငါဒီတစ်သက် ဂိုးသမားလုပ်မနေတော့ဘူး.... နည်းပြကိုလဲ ငါကိုယ်တိုင် သွားပြောမယ်.... မင်းလို မွှန်နေတဲ့ ကောင်မျိုးကိုသာ နိုင်ငံအတွက် ပြိုင်ခိုင်းလိုက်ရင်လေ နိုင်ငံရဲ့ ဂုဏ်သိက္ခာတစ်ခုလုံး စုန်းစုန်းမြုပ်မှာပဲ ....."

ဇက သူ့လည်ပင်းကို လက်နဲ့ချုပ်ထားပြီး မကျေမနပ် ပြောနေပေမယ့် မာန် စိတ်မဆိုးနိုင်ဘဲ ရယ်သာရယ်နေမိသည်။

"နှာဘူးကောင် ရယ်မနေနဲ့ .... မင်းမှာ အားကစားစိတ်ဓာတ်ဆိုတာ မရှိဘူးလား... ဟမ်.... အသင်းသားတွေအပေါ်မှာ နည်းနည်းလေးတောင် အားနာစိတ်မရှိဘူးလား....."

"ငါ့ကလေးလေး သူ့အစ်ကိုရဲ့ အသင်းနိုင်သွားလို့ ပျော်နေလိုက်တာ ....ကြည့်ပါဦး  ဘယ်လောက်ချစ်ဖို့ကောင်းလဲ ....."

❤️ Love & Fortune ❤️Where stories live. Discover now