❤️ အပိုင်း 95 ❤️

5.8K 316 7
                                    

❤️ Love & Fortune ❤️

အပိုင်း 95

ကိုရင် ၀တ်တာ 10 ရက်ပြည့်တဲ့နောက်မှာတော့ သားလေးရော၊ ဇလေးနဲ့ မာန်လေးပါ လူထွက်ခဲ့ကြသည်။

ကိုရင်၀တ်ပြီးမှ သားက အရပ်ကြီးတောင် ပိုပြီးရှည်လာသလိုပင်။

သမီးကတော့ သူ့အစ်ကိုကို ပြန်တွေ့ရတော့မှ စိတ်အေးသွားပုံရပြီး အစ်ကိုဖြစ်သူ နားကနေ လုံး၀ကို မခွာတော့ပေ။

သားလေးနဲ့ 10 ရက်ကြီးများတောင် ခွဲနေလိုက်ရတော့ သမီးက တော်တော်လေး လွမ်းသွားပုံရသည်။

သားလေးဘယ်သွားသွား နောက်ကနေ အမြီးလေးလိုပဲ တကောက်ကောက်လိုက်နေလေ၏။

သူ့အစ်ကို ကတုံးဆံပင်ပေါက်ဖြစ်သွားတာကိုလဲ သမီးက အသည်းတွေယားနေပြီး အားတိုင်း သားရဲ့ ကတုံးလေးကိုပဲ သွားသွားကိုင်ကြည့်နေလေသည်။

သားကလဲ အမြဲသူ့ညီမလေးသဘောမို့ သမီး ခေါင်းကိုကိုင်တိုင်း ပြုံးနေလေသည်။

အခုလဲ မောင်နှမ နှစ်ယောက်အတူတူ TV ထိုင်ကြည့်နေတုန်းမှာ သမီးက သူ့အစ်ကို လက်မောင်းကို ဖက်ထားသေးသည်။

"ကဲ ကြိုးကြိုးလေး ကိုကို့လက်ကို လွှတ်လိုက်ပါဦး .... မာမီက ဒီမှာ ဘာလေးတွေ လုပ်လာလဲဆိုတာ တစ်ချက်လာကြည့်ပါဦး..... "

ပိုးရုံ မီးဖိုချောင်ထဲမှ ယူလာသည့် မုန့်ဗန်းလေးကို သားနဲ့သမီးရဲ့ ရှေ့မှာရှိနေတဲ့ မှန်စားပွဲလေးပေါ်တင်လိုက်တော့ မုန့်နံ့မွှေးမွှေးလေးကြောင့်ထင်သည်.... သမီးက အစ်ကိုဖြစ်သူရဲ့ လက်ကို ခဏတော့ လွှတ်ပေးလိုက်ကာ Sofa ပေါ်ကနေ လျှောဆင်းလာသည်။

သူမ လုပ်ထားတဲ့ မုန့်ဗန်းလေးထဲမှ နှင်းလုံးလေးတွေလို ဖြူဖွေးပြီး နွားနို့နံ့လေးသင်းနေတဲ့ အဖြူရောင်မိုချီလုံးလေးတွေကို မြင်လျှင် သမီးက ပါးစပ်လေးအဟောင်းသား ဖြစ်သွားရသည်။

"အူး၀ါး မိုချီလေးသွေ .... ကြိုးကြိုး ကြိုက်သဲ့ မိုချီလေးသွေ .... စားမယ် စားမယ် ကြိုးကြိုးစားမယ်...."

သမီးက မိုချီလုံးလေးတစ်ခုကို လက်နဲ့ကိုင်လိုက်ကာ သွားသေးသေးလေးတွေနဲ့ ကိုက်လိုက်တော့ အထဲမှ ချောကလက်အနှစ်လေးတွေ ထွက်လာတာကို သဘောကျပြီး ရယ်သည်။

❤️ Love & Fortune ❤️Where stories live. Discover now