❤️ အပိုင်း 70 ❤️

6.6K 325 14
                                    

❤️ Love & Fortune ❤️

အပိုင်း 70

"ကိုကိုရေ ... စာမေးပွဲ သေချာဖြေခဲ့နော်.... အားတင်းထား.... ကြိုးကြိုး ပြင်မှာ ကိုကို့သွက် သေချာရေး ဆုသောင်းပေးနေမယ်နော်....."

"တကယ်ဆုတောင်းပေးနေနော် ကြိုးကြိုးလေး .... ကိုကို စာမေးပွဲဖြေလို့ပြီးသွားရင် ကြိုးကြိုးလေးနဲ့ တောက်လျှောက် အတူတူဆော့ပေးမယ်နော်....."

"ဟုတ်...."

သမီးက အစ်ကိုဖြစ်သူအပြောကြောင့် ​ပျော်ပြီး ထခုန်သည်။

"ကိုကို့ကို ကံကောင်းအောင်လို့ အာဘွားလေးပေးပါဦး....."

"အာဘွား....ကိုကို ရမ်းကံကောင်းသွားအောင်ရို့ ပါးရေးနှစ်ဖက်ရုံးကို အာဘွားရေး ပေးပေးမယ်နော်....."

သမီးက သူ့အစ်ကိုရဲ့ ပါးလေးနှစ်ဖက်ကို လက်ကလေးတွေနဲ့ကိုင်ကာ ကံကောင်းသွားအောင်ဆိုပြီး အာဘွားတွေ ပေးနေလျှင် ယောနဲ့ ပိုးရုံမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်မိကြသည်။

တခြားကျောင်းသားမိဘတွေကလဲ သားနဲ့သမီးကို ကြည့်ပြီး သဘောတွေကျကာ ပြုံးသွားကြသည်။

ဒီနေ့က သားလေးရဲ့ စာမေးပွဲနောက်ဆုံးနေ့မို့ ယောရော သူမရော အလုပ်တွေနားထားပြီး သားလေးစာမေးပွဲဖြေပြီးတာနဲ့ ကလေးတွေကို ရုပ်ရှင်လိုက်ပြပြီး Game City လေးပို့ပေးဖို့စီစဥ်ထားကြသည်။

သားလေးစာမေးပွဲဖြေနေစဥ်မှာတော့ သူမတို့မိသားစု ယောရဲ့ ကားအတွင်းမှာ ၀င်ထိုင်ပြီး စောင့်နေလိုက်ကြသည်။ 

ပထမအစကတော့ မယ်ကြိုးကြိုးတို့ ကိုကို စာမေးပွဲဖြေနိုင်ပါစေ ၊ ကိုကိုစာမေးပွဲဖြေနိုင်ပါစေဆိုပြီး ဆီမန်းမန်းသလို ပါးစပ်သေးသေးလေးက ပတွတ်ပတွတ်ရွတ်ပြီး ဟုတ်မလိုလိုနဲ့ နောက် ၅မိနစ်လောက်ကြာသောအခါမှာတော့ ဆုတောင်းပေးသံလေးတွေအစား iPad ထဲက Game ဆော့သံလေးတွေသာ ထွက်ပေါ်လာတော့သည်။

"အယ် ကြိုးကြိုး ကိုကို့အတွက် ဆုတောင်းပေးနေရာကနေ ဘယ်လိုဖြစ်ပြီး ဂိမ်းဆော့သွားရတာလဲ....."

နောက်ခန်းထဲမှာ ပေါင်ပေါ်ကို iPad လေးအကျအနတင်ပြီး ဂိမ်းထိုင်ဆော့နေသည့် သမီးကို ပိုးရုံ လှမ်းမေးလိုက်လျှင်
ကြိုးကြိုးတို့က အပေါ်ကို မော့မကြည့်အားသေးဘဲ နှုတ်ခမ်းလေးလှုပ်စိလှုပ်စိဖြစ်လာကာ  .....

❤️ Love & Fortune ❤️Where stories live. Discover now