❤️ အပိုင်း 33 ❤️

11.4K 405 6
                                    

❤️ Love & Fortune ❤️

အပိုင်း 33

ဂျယ်ဂျူမှာ စပြီးဆောင်ရွက်ခဲ့တဲ့ ကိုရီးယား - မြန်မာ project ရဲ့ အစီရင်ခံစာတွေကို ယော အာရုံစိုက်ပြီး ဖတ်နေတုန်းမှာပဲ ဘေးနားမှ မြည်လာသည့် ဖုန်းသံကြောင့် ဖုန်းကိုယူပြီး ကြည့်လိုက်တော့သူမရဲ့ သူငယ်ချင်း ယွန်းမှီဆီမှ ဖြစ်နေသည်။

ယော ချက်ချင်းပဲ ဖုန်းကို ကောက်ကိုင်လိုက်၏။

"ဟုတ်ကဲ့ပြောပါ....."

"ဥက္ကဌယော ကျွန်မဖုန်းဆက်လိုက်တာ အနှောင့်အယှက်ဖြစ်သွားလားဟင်.....စကားပြောဖို့ရော အဆင်ပြေရဲ့လား...."

"အနှောင့်အယှက် မဖြစ်ပါဘူး ယွန်းမှီ ....စကားပြောလို့ရပါတယ်.... ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲဟင်....ယွန်းမှီတို့ ပြင်ဆင်တဲ့နေရာမှာ တစ်ခုခု လိုအပ်လို့လား....."

"ဟင့်အင်း ပြင်ဆင်တာက ဘာမှမလိုအပ်ပါဘူး ဥက္ကဌယော..... ဥက္ကဌယော စီစဥ်ခိုင်းထားသလိုပုံစံမျိုးကို Decoration company ဘက်နဲ့ ကျွန်မ အားလုံးပြင်ဆင်ပြီးသွားပါပြီ..... အဲ့တာ မနက်ဖြန်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အကြောင်းကို ဥက္ကဌယောဆီ လှမ်းပြီး အကြောင်းကြားပေးတာပါ.....

အကယ်၍ အချိန်ရမယ်ဆိုရင်တော့ ဥက္ကဌယော ဒီနေ့ကို တစ်ချက်လောက် လာကြည့်ပေးစေချင်ပါတယ်..... အဲ့တာမှ မနက်ဖြန်အတွက် ပြင်ချင်တာလေးရှိရင် ဒီနေ့အချိန်မှီပြန်ပြင်ပေးလို့ရအောင်ပါ...."

"ဟုတ်ကဲ့ ယွန်းမှီ ..... အဲ့တာဆို ကျွန်တော် ခဏနေရင် ထွက်လာခဲ့ပါ့မယ်.... အခုလိုမျိုး အစစအရာရာ ကူညီပေးတဲ့အတွက် တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ....."

"အဟင်း .... ကျေးဇူးမလိုပါဘူး ဥက္ကဌယောရဲ့ ....ကျွန်မ သူငယ်ချင်းနဲ့ တူမလေးအတွက် လုပ်ပေးမယ့် ပွဲပဲဟာကို ကျွန်မ ကူညီရမှာပေါ့ ..... ပြီးတော့လေ Decoration company ဘက်က CEO ကလဲပြောပါတယ်....

ပိုးရုံပြောပြထားလို့ ဥက္ကဌယောလဲ သိနေမယ်ထင်ပါတယ်..... သူကလဲ ကျွန်မလိုမျိုး ပိုးရုံရဲ့ သူငယ်ချင်းပဲမို့ အခု Baby shower party လေးရဲ့ အပြင်အဆင်အတွက် ကုန်ကျစရိတ်ထဲက 25% ကို လက်ဆောင်အနေနဲ့ free လုပ်ပေးပါရစေဆိုပြီး ပြောလာပါတယ်  .... အဲ့တာ ဥက္ကဌယောဘက်က လက်ခံမယ်ဆိုရင် 75% ပဲ ငွေပေးချေရတော့မှာပါ......"

❤️ Love & Fortune ❤️Where stories live. Discover now