❤️ အပိုင်း 37 ❤️

11.5K 433 8
                                    

❤️ Love & Fortune ❤️

အပိုင်း 37

"အမလေး ငါ့တူမလေးက ချစ်ဖို့ကောင်းလိုက်တာ..... တကယ့် အရုပ်လေးအတိုင်းပဲ ပိုးရုံရယ် .... ငါမြင်ဖူးသမျှ မွေးခါစ ကလေးလေးတွေထဲမှာ ငါ့တူမလေးက ချစ်ဖို့အကောင်းဆုံးပဲ....."

"မွေးခါစကလေးလေးတွေအားလုံးက များသောအားဖြင့် ပုံစံတူလေးတွေချည်းပါပဲ ယွန်းမှီရယ်.....ငါ့သမီးလဲ အခုမှ နီတာရဲလေးပဲရှိပါသေးတယ် ...."

"ဟဲ့ နီတာရဲလေးဆိုပေမယ့် ငါတို့ကလေးက တခြားကလေးလေးတွေလိုမျိုး အသည်းယားစရာကောင်းလောက်အောင် မျောက်ကလေးတွေလို ရှုံ့တွမနေဘူး ..... ပြီးတော့ မွေးခါစ အသားရောင်လေးကအစ အရမ်းကြီးနီရဲတွတ်မနေဘူး....

ကြီးလာရင် ဖြူဖွေးနေမှာမို့ အခုထဲက အနီဖျော့ဖျော့ ပန်းနုရောင်လေး သမ်းနေတာ.....ကြည့်ပါဦး အိပ်နေလိုက်တာလဲ ဟန်နဲ့ပန်နဲ့ လုံးကစ်နေတာပဲ.... တကယ့် ဆန်မုန့်လုံးလေးကျနေရော ..... ဒီကလေးမှ ချစ်ဖို့ကောင်းတယ်မပြောရင် ဘယ်ကလေးကို သွားပြောမလဲ.... ပိုးရုံရယ် ကလေး၂ယောက်လုံးကို ချစ်ဖို့ကောင်းအောင်လို့ နင်တကယ်မွေးတတ်တယ်သိလား......"

သမီးကို တစိမ့်စိမ့်ကြည့်ရင်း ပြောနေသော ယွန်းမှီရဲ့ စကားများကို နားထောင်ပြီး ပိုးရုံ ပြုံးလိုက်မိသည်။

"ဟဲ့ဒါနဲ့ ငါမေးရဦးမယ်..... နင်နဲ့ စ၀်က ဘယ်လိုအခြေအနေတွေ ရောက်နေကြပြီလဲ..... ငါ့ကိုဗိုက်နဲ့မို့ဆိုပြီး နင်တို့၂ယောက် လျှိုထားကြတာ ငါသိတယ်နော်..... အခု ငါလဲ ကလေးမွေးပြီးသွားပြီဆိုတော့ နင်တို့နှစ်ယောက်ကြားထဲကို ပြန်ပြီး checking လိုက်တော့မှာ .... "

"အမလေး နင့်ဟာနင် checking မကလို့ ဘာကြီးပဲလိုက်လိုက် ငါကတော့  ဂရုမစိုက်နေဘူးနော် ... ဘာမှလဲ မလျှိုထားဘူး.... နင့်ရဲ့ ချစ်လှစွာသော ဥက္ကဌယောက အကူအညီတောင်းခဲ့လို့သာ အဲ့နေ့က သမီးလေးရဲ့ Baby Shower Party လေးကို သူနဲ့အတူတူ ပြင်ဆင်ခဲ့တာ..... ကျန်တာ ဘာအကန့်မှရှိမနေဘူးနော်..... သူလဲ ငါ့ကို မဆက်သွယ်သလို ငါလဲသူ့ကို မဆက်သွယ်ဘူး..... အဲ့မှာတင်ကိစ္စက ပြီးနေပြီ....."

"တကယ်လား.... တကယ်ကြီး စ၀်က နင့်ကို မဆက်သွယ်လာတာလား ယွန်းမှီ .....အဲ့လိုဆိုရင်တော့ ငါကြားထားတဲ့ သတင်းက မှန်နေပြီထင်တယ်...."

❤️ Love & Fortune ❤️Where stories live. Discover now