🚨 အပိုင်း 11 🚨

24.9K 504 5
                                    

❤️ Love & Fortune ❤️

အပိုင်း 11

🚨 Warning - R 18+ 🚨

"ရှင့်ကိုလေ လူတွေက အင်အားကြီးတယ်လို့ ပြောကြတုန်းက ဘာလို့အဲ့လိုပြောကြလဲဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး..... အခုတော့ နားလည်သွားခဲ့ပြီ ထင်တယ်"

"အဟွန်း ကိုယ့်ကို လူတွေက အဲ့လိုပဲ ပြောကြတာလား ..... ဒါပေမဲ့ လူတွေရဲ့ အမြင်ကို ကိုယ်ဂရုမစိုက်ပါဘူး .... သူတို့ ကိုယ့်ကို အင်အားကြီးတယ်ပြောလို့လဲ ကိုယ်ဘယ်လိုမှ မခံစားရဘူး ...... ဒါပေမဲ့ မင်းရဲ့ နှုတ်ခမ်းဖျားကနေ ကိုယ့်ကို အင်အားကြီးတယ်လို့ အသိအမှတ်ပြုလာတာကိုတော့ ၀မ်းသာမိတယ်..... ပြီးတော့ ဒီနေ့ ကိုယ် မင်းရှေ့မှာ ရပ်တည်ပေးနိုင်ခဲ့တဲ့အတွက်လဲ ကျေနပ်မိတယ်....."

သူမမျက်နှာကို သေချာစိုက်ကြည့်ပြီး ပြောလာသည့် သူ့စကားတွေကို နားထောင်ရင်း ပိုးရုံရဲ့ ၀ဲဘက်ရင်အုံမှ နှလုံးသားက အကြောင်းပြချက်မရှိ ခုန်လှုပ်လာရသည်။

ဘာလို့များ ဒီလူ ဒီလိုစကားမျိုးတွေကို သူမအား လာပြောနေရတာပါလိမ့် ။

ဘာပဲဖြစ်ဖြစ် ဒီအခြေအနေကြီးကို ပိုးရုံ မနေတတ်ဖြစ်လာတာကြောင့် သူနဲ့ အကြည့်ချင်းဆုံနေရာမှ ပိုးရုံ အကြည့်ကို လွှဲလိုက်မိပြီး အခုလက်ရှိအနေအထားမှ ရုန်းထွက်ရန် ကြိုးစားမိသည်။

"အဟမ်း .... ရှင် ဘာလို့ ဒီအတိုင်းကြီး နေနေတာလဲ .... အင်္ကျီ၀တ်ဦးလေ....တော်ကြာ အအေးပတ် "

ပိုးရုံ စကားမဆုံးခင်မှာပဲ သူ့ရဲ့ နှုတ်ခမ်းနွေးနွေးတွေက သူမရဲ့ နှုတ်ခမ်းလေးကို
ထိကပ်လာလေသည်။

ထိုအနမ်းကြောင့် ပိုးရုံ မျက်လုံးလေးတွေ ၀ိုင်းစက်သွားချိန်မှာပဲ သူက နှုတ်ခမ်းကို ပိုပြီး အားနဲ့ ဖိကပ်နမ်းရှိုက်လာ၏။

နောက်ဆုံးတော့ သူ့ရဲ့ အနမ်းတွေကို ပိုးရုံ မလွန်ဆန်နိုင်တော့ဘဲ မျက်လွှာလေးအသာချပြီး သူ့လက်မောင်းတွေကို ပြန်လည်ဖက်တွယ်ကာ အနမ်းတွေကို ပြန်ပြီး တုံ့ပြန်မိခဲ့သည်။

နမ်းနေရင်းနဲ့ သူ့လက်တွေက ပိုးရုံရဲ့ ကျောပြင်တစ်လျှောက်ကို ပွတ်သပ်ရင်း နောက်ဆုံး ကိုယ်ကျစ်ဂါ၀န်လေးအောက်မှာ တစ်တစ်ရစ်ရစ်ရှိနေတဲ့ ပိုးရုံရဲ့ မက်မွန်သီးတွေကိုပါ လာရောက်ဆုပ်ကိုင်သည်။

❤️ Love & Fortune ❤️Onde as histórias ganham vida. Descobre agora