❤️ အပိုင်း 32 ❤️

15.4K 515 5
                                    

❤️ Love & Fortune ❤️

အပိုင်း 32

"ဒီလောက် လုပ်ငန်းကြီးတွေ လုပ်နေပြီးတော့ ရှင်လေ ဘယ်လိုမန်နေဂျာမျိုးတွေ ခန့်ထားတာလဲ ယောနိုင်ငံ ..... ဟိုတစ်ခါ သားလေးနဲ့ကိစ္စတုန်းကလဲ မန်နေဂျာနဲ့ သူ့ရည်းစားပဲ ပြဿနာရှာတာ ..... အခု ကိုကောင်းခန့်ကိစ္စမှာလဲ မန်နေဂျာနဲ့ သူ့ယောက်ဖပဲတဲ့ .... ကောင်းရော .... ကြာရင်လေ ရှင်တဖြည်းဖြည်းတည်ဆောက်ခဲ့တဲ့ Y Corporation ရဲ့ image က အဲ့ဒီမန်နေဂျာစုတ်တွေရဲ့ ဇောင်းကြွမှုမှာ တဖြည်းဖြည်းရေစုံမျောသွားလိမ့်မယ် သိရဲ့လား........"

မပန်တို့လင်မယားကို ပြန်ပို့အပြီး အခုလို နှစ်ယောက်ထဲရှိတဲ့အချိန်မှ သူ့မန်နေဂျာတွေ အရေးကို သေချာဖြေရှင်းရန် ကားပေါ်မှာ သူ့ကို ပိုးရုံ ပြောနေရခြင်းဖြစ်သည်။

"ကိုယ်တို့ Corporation မှာ လုပ်ငန်းတွေက အများကြီးပဲ..... Departments တွေလဲ အများကြီးပဲ..... အဲ့တော့ departments တိုင်းလိုလိုမှာ ခန့်ထားရတဲ့ မန်နေဂျာတွေအထိ ကိုယ်ဘယ်လိုလုပ်ပြီး ဆင်းကြီးကြပ်လို့ရမှာလဲ...... ဒါပေမဲ့ စိတ်မပူပါနဲ့ Departments တိုင်းရဲ့ MD တွေကို ကိုယ် အစည်းအဝေးပြန်ခေါ်ပြီး ဒီကိစ္စတွေကို သေချာဖြေရှင်းမှာပါ......"

"အဲ့တာဆိုလဲ ပြီးတာပဲ.... အာ့ ဗိုက်တင်းလိုက်တာ.....ဒီနေ့အများကြီးစားခဲ့မိလို့ထင်တယ်..... အိမ်ပြန်ရောက်ရင်း လမ်းလေး နည်းနည်းတော့ လျှောက်မှဖြစ်မယ်......"

သူမက ပူပြီးတင်းနေတဲ့ ဗိုက်လုံးလုံးလေးကို လက်နဲ့ အသာပွတ်ပြီး မအီမသာလေး ပြောလာလျှင် ယော သူမကို တစ်ချက်လှမ်းကြည့်ကာ ......

"ကွေ့သယိုကို ကြက်ပေါင်နဲ့ရော ၀က်သားပြားနဲ့ပါ စားခဲ့တာလေ..... ဘဲဥကင်နှစ်ပွဲကလဲ မင်းအများဆုံးစားတာပဲ မဟုတ်လား...... သရက်သီးဖျော်ရည်တစ်ခွက်လုံးလဲ အပြောင်ပဲ.....မင်းရဲ့ ဗိုက်မှ မတင်းရင် ဘယ်သူ့ဗိုက်သွားတင်းမှာလဲ... "

"ကျွန်မက ရှင့်ကလေးတစ်ယောက်လုံးကို ဗိုက်ထဲထည့်ပြီး လွယ်ထားရတာလေ.... ရှင်ဒီလောက်တော့ ကျွန်မကို ၀ယ်ကျွေးရမှာပေါ့ ....."

"၀ယ်ကျွေးတာက မင်းကို အဲ့ဒီတစ်ဆိုင်လုံး ၀ယ်ကျွေးနိုင်တယ်.....ကိုယ့်ဟာကိုယ် ချင့်ချိန်စားဖို့ပြောနေတာ.....
အခု တစ်ခါထဲနဲ့ အများကြီးစားလာတော့ ညနေစာ မစားနိုင်တော့ရင် ဘယ်လိုလုပ်မလဲ..... အိမ်ပြန်ရောက်ရင် လမ်းလျှောက်တာလဲ လျှောက် .... အစာကြေဆေးလဲ နည်းနည်းစားလိုက်ဦး ..... "

❤️ Love & Fortune ❤️Where stories live. Discover now