❤️ အပိုင်း 20 ❤️

13.3K 471 8
                                    

❤️ Love & Fortune ❤️

အပိုင်း 20

ကုန်စုံဆိုင်ပိုင်ရှင်အဒေါ်ကြီးကို ယော ကျေးဇူးတင်စကား အထပ်ထပ်အခါခါ ပြောခဲ့ပြီးနောက် သားလေးကို ခေါ်ကာ ဇီးရွက်လောက်သာသာပဲရှိတော့သော မျက်နှာလေးနဲ့ သူမကိုလဲ ကားပေါ်သို့ ချီပြီး ပွေ့တင်ရသည်။

သူ့စကားကို နားမထောင်ဘဲ လုပ်ချင်တာတွေ အကုန်လုပ်ထားခဲ့ပြီးမှ မျက်နှာငယ်နဲ့ ဖြစ်နေသောသူမ​ကိုကြည့်ပြီး ယော သက်ပြင်းအသာချမိသည်။

သားအမိနှစ်ယောက်လုံးရဲ့  မျက်နှာလေးတွေက ဖြူလျော့ပြီး သွေးမရှိကြတော့ဟန်မို့ ယော သူမတို့သားအမိကို လမ်းမှာ ဘာမှ မမေးဖြစ်တော့ဘဲ ဟိုတယ်သို့သာ တစ်ခါထဲတန်းပြီးခေါ်လာခဲ့မိသည်။

ဟိုတယ်ရောက်တော့ car parking မှာ ယော ကားကို သေချာရပ်ပြီးတာနဲ့ သူမတို့ သားအမိကို ကြည့်လိုက်မိ၏။

"သား ဒီနေ့ ဒယ်ဒီတို့ အခန်းမှာပဲ လာအိပ်လိုက်တော့.... ဒီနေ့အဖြစ်အပျက်ကြောင့် ညကျရင် သားလန့်နိုးရင် နိုးနေမှာ...."

"ဟုတ် ဒယ်ဒီ .... "

သားက သူပြောတာကို လေသံတိုးတိုးလေးနဲ့ ပြန်ပြီး ဖြေလာသည်။

ကြည့်ရတာ သားလေးလဲ တော်တော်လန့်သွားပုံပင်။

သားကိုကြည့်ပြီးနောက် ယော သူမကို ကြည့်လိုက်တော့ သူမက နောက်ခန်းမှာ သားလေးရှိနေရက်နဲ့ကို သူ့ရင်ခွင်ထဲ အတင်းတိုး၀င်လာသည်။

"ယောနိုင်ငံ....."

"အင်း....."

"ကျွန်မ လမ်းမလျှောက်နိုင်တော့ဘူး ထင်တယ်.... ခြေထောက်တွေက လုံး၀အားမရှိတော့သလိုကြီး ဖြစ်သွားပြီ .....အဲ့ဒီ ဓားပြကြီးကိုလေ ကျွန်မ အရမ်းကြောက်တာပဲ .... သူက သားလေးနဲ့ ကျွန်မကို ဓားကြီးထောက်ပြီး ခြိမ်းခြောက်တာ.....ကျွန်မ ပိုက်ဆံအိတ်ကိုရော ရှင်၀ယ်ပေးထားတဲ့ စိန်လည်ဆွဲကိုပါ တစ်ခါထဲ ယူသွားတယ်.....

ပြီးတော့ ကျွန်မတို့ သားအမိကို လမ်းလယ်ခေါင်မှာ ချထားခဲ့တာ.....ကျွန်မတို့ သားအမိမှာ ခုဏက ကုန်စုံဆိုင်ဆီရောက်အောင်လို့ မနည်းခြေကျင်လျှောက်ခဲ့ရတာ.....ကျွန်မတို့သားအမိ နေ့လယ်စာလဲ ဘာမှမစားရသေးဘူး .... ကျွန်မလေ နောက်ဆို ရှင့်စကားကို နားမထောင်တာမျိုး မလုပ်တော့ဘူးနော် .... ရှင်ပြောတဲ့အတိုင်းပဲ လုပ်တော့မယ် ....."

❤️ Love & Fortune ❤️Where stories live. Discover now