❤️ အပိုင်း 26 ❤️

12.1K 419 6
                                    

❤️ Love & Fortune ❤️

အပိုင်း 26

ဘောလုံးလေးလို ရှေ့သို့ အတော်လေး စူမို့မို့လုံးထွက်နေသော သူမရဲ့ ဗိုက်လုံးလုံးလေးကို ပိုးရုံအသာပွတ်သပ်ရင်း ပြုံးမိသွားရသည်။

ဒီနေ့တော့ ဒီအထဲမှပေါက်စလေးက ဘာလေးလဲဆိုတာ သိရတော့မည်။

Gender ကို စပြီးခွဲလို့ရတဲ့အချိန်ထဲက Ultrasound ရိုက်ကြည့်လို့ရပေမယ့် သူမရော ယောနိုင်ငံရောက တမင်မရိုက်ခဲ့တာဖြစ်သည်။

ဒါပေမဲ့ အထဲမှ ကလေး လှုပ်ရှားတာလေးတွေကို ခံစားမိချိန်မှာတော့ သိချင်စိတ်ကို ဘယ်လိုမှ မအောင့်အီးနိုင်တော့ဘဲ Gender လေးသိရဖို့ရယ်၊ ကလေးအခြေအနေ နဲ့ အနေအထားလေး အဆင်ပြေလားဆိုတာ သိရဖို့အတွက်ကိုယ်ဝန်အပ်ထားသည့် ဆရာမကြီးနဲ့ နောက်တစ်ကြိမ် Ultrasound ထပ်ရိုက်ရန် သူမတို့ ဆုံးဖြတ်ခဲ့မိကြသည်။

ဒီအထဲမှ ပေါက်စလေးက သိပ်ကို မျက်နှာလိုက်တတ်၏။

သူမ တနေကုန် ဒီလိုမျိုး ဗိုက်လေးကို ပွတ်သပ်ပြီး စကားလေးတွေ ပြောပေးနေရင် နည်းနည်းလေးမှတောင် မလှုပ်ရှားလာပေ။

အဲ့ဒီအစား ယောနိုင်ငံများ သူမဗိုက်ကို လက်နဲ့ လာပြီးမကိုင်လိုက်နှင့်။ အထဲမှာ သူလေးရှိနေကြောင်းကို ယောနိုင်ငံအား အချက်ပြပြီး နှုတ်ဆက်ရသည်မှာ အခါခါ။

တစ်ခါတလေဆို လှုပ်ရှားလွန်းလို့ ပိုးရုံမှာ နေရပင် ခက်မိသည်။

ဒီနေ့ သူမဆေးခန်းပြရမှာမို့ ယော ရိုးရိုးရှင်းရှင်း အနက်ရောင်ဘောင်းဘီရှည်တစ်ထည်နဲ့ အညိုရောင်ရှပ်အင်္ကျီတစ်ထည်ကို တွဲဖက်ဝတ်ဆင်လိုက်ပြီး ရှပ်အင်္ကျီလက်လေးကို အနည်းငယ်ခေါက်တင်လိုက်သည်။

ပြီးနောက် ဗီဒိုရဲ့ အံဆွဲထဲမှ Rolex 2021 unworn Sky-Dweller လေးကို လက်မှာထုတ်ပတ်ကာ အပြင်သွားဖို့ပြင်ဆင်ခြင်းကို အဆုံးသတ်လိုက်၏။

ဆံပင်ကိုတော့ ကုမ္ပဏီသွားတာ မဟုတ်သည့်အတွက် ရှေ့မှာ ခပ်အုပ်အုပ်သာ ချထားမိသည်။

ယော ပြင်ဆင်ပြီးသွားလို့ သူမကို လှမ်းကြည့်တော့သူမက Baby Pink ဆွယ်တာလက်ရှည်လေးနဲ့ ဒူးနားမှာ ဝဲနေသော Floral စကပ်လေးတစ်ထည်ကို တွဲပြီးဝတ်ဆင်ထားကာ သူတို့ခုတင်ပေါ်မှာ ထိုင်ပြီး သူမရဲ့ ဗိုက်လုံးလုံးလေးကို ပွတ်သပ်နေ၏။

❤️ Love & Fortune ❤️Where stories live. Discover now