❤️ အပိုင်း 69 ❤️

6.2K 334 12
                                    

❤️ Love & Fortune ❤️

အပိုင်း 69

ယော ကားကို အိမ်ရှေ့မှာ စက်သပ်ကာ ရပ်လိုက်ပြီး အိမ်ထဲ၀င်လိုက်လျှင် ကြားလိုက်ရသည့် သမီးရဲ့ စာဆိုသံလေးကြောင့် မျက်ခုံးတွေ ပင့်သွားရသည်။

ကြားသားမိုးကြိုး .... သူ့သမီးက စာတွေဘာတွေလုပ်လို့ပါလား။

ထို့ကြောင့် ဧည့်ခန်းရှိရာသို့ လျှောက်လာပြီး ကြည့်လိုက်လျှင် အစ်ကိုတွေ အစ်မတွေကြားမှာ ခုံလေးတစ်လုံးနဲ့ စာတွေအော်ဆိုပြီးရေးနေသည့် သမီးလေးကို တွေ့လိုက်ရတာကြောင့် ယော နှုတ်ခမ်းတွေ တွန့်ကွေးကာ ပြုံးမိသွားရသည်။

ကြိုးကြိုးစာဆိုနေရင်းနဲ့ နှာခေါင်းလေး ရှုံ့ပွရှုံ့ပွ ဖြစ်လာပြီး တစ်ယောက်ယောက်က သူမလေးကို စိုက်ကြည့်နေတယ်ဟု ခံစားမိတာကြောင့် စာရေးတာကိုရပ်ပြီး ခေါင်းမော့ကြည့်လိုက်မိလျှင် ပြုံးပြီးရပ်ကြည့်နေတဲ့ ဒယ်ဒီကို မြင်လိုက်ရတာကြောင့်
ပါးစပ်ကလေးအဟောင်းသားဖြင့် အံ့သြသွားရသည်။

ပြီးမှ ၀မ်းသာဖို့ကို သတိရကာ စာရေးနေရာက ကုန်းထလိုက်ပြီး လုံးကစ်နေသော ကိုယ်လုံးလေးဖြင့် ဒယ်ဒီဆီသို့ ပစ်၀င်လိုက်သည်။

ဒယ်ဒီက သူမလေးကို ၀မ်းပန်းတသာပွေ့ဖက်ပြီး ပါးဖောင်းဖောင်းလေးတွေကို နမ်းလျှင် ကြိုးကြိုး အသံလေးတွေထွက်ပြီး သဘောကျစွာရယ်လိုက်မိသည်။ ထို့နောက် ဒယ်ဒီ့လက်ကိုတွဲပြီး ခုန်ပေါက်ကာ ဒယ်ဒီပြန်ရောက်တဲ့အကြောင်းကို မာမီသိအောင် အော်ပြောတော့သည်။

"မာမီရေ.... ဒယ်ဒီစောကြီး ပြန်လာသယ် သိရား .... မာမီ ... မာမီရေ ထွက်ကြည့်ပါအူး ....."

အိမ်ရှေ့က သမီးရဲ့ အော်သံကြောင့် ပိုးရုံ မီးဖိုချောင်ထဲမှ ထွက်ကြည့်မိလျှင် တကယ်ပဲ ယောက အစောကြီးပြန်ရောက်နေတာကြောင့် အံ့သြသွားရသည်။

"ယော အစောကြီး ပြန်လာတာလား...."

"အွန်းဟုတ်တယ်....ဒီနေ့သားရဲ့ ဧည့်သည်လေးတွေရောက်လာမှာဆိုတော့ အလုပ်တွေ အကုန်ဖြတ်ခဲ့ပြီး ဒီနေ့ကို အစောကြီးပြန်လာတာ....."

"ဒယ်ဒီကလဲ သူတို့တွေက ဘာမှမဟုတ်တဲ့ဟာကို ထည့်စဥ်းစားပေးနေသေးတယ်.... အဲ့တာကြောင့် ဒယ်ဒီ မနက်က အစောကြီး ကုမ္ပဏီကို ထသွားရတာလားဟင်...."

❤️ Love & Fortune ❤️जहाँ कहानियाँ रहती हैं। अभी खोजें