❤️ အပိုင်း 51 ❤️

8.2K 356 12
                                    

❤️ Love & Fortune ❤️

အပိုင်း 51

ယောက ကုမ္ပဏီသွားပြီး သားလေးက ကျောင်းသွားချိန်မှာတော့ သူမတို့ သားအမိနှစ်ယောက်ထဲ အိမ်မှာကျန်နေခဲ့ရသည်။

ဒီနေ့က studio လဲသွားဖို့မလိုတာမို့ ပိုးရုံ ပျင်းပျင်းရှိတာနဲ့ သမီးလေးနဲ့အတူ Shopping ထွက်ရန် စိတ်ကူးရသွားရသည်။

ထို့ကြောင့် သူမတို့အိပ်ရာပေါ်တွင်ငြိမ်ငြိမ်လေးနေပြီး ခြေထောက်တိုတိုလေးတွေ လေပေါ်ထောင်ကာ ကစားနေသော သမီးလေးကို ပိုးရုံလှမ်းမေးလိုက်သည်။

"သမီး.... ကြိုးကြိုးလေး .... အိမ်မှာနေရတာ ပျင်းဖို့ကောင်းတယ်လေ.... မာမီနဲ့ သမီး ဒီနေ့ shopping ထွက်ကြမလား "

ပိုးရုံ သမီးကို ထိုသို့မေးလိုက်လျှင် သမီးက ခြေထောက်လေးတွေ ထောင်နေရာမှ သူမဘက်ကို လှည့်ကြည့်ကာ ပြုံးပြီး ခေါင်းလေးငြိမ့်ပြလာသည်။

"အဟွန်း.... မာမီ့သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ .... လာ အဲ့တာဆို မာမီတို့ ရေသွားချိုးကြမယ်နော်..."

"အားဂူး "

ပိုးရုံ အိပ်ရာပေါ်မှ သူမရဲ့ ဖက်ထုပ်လုံးလေးကို ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်သွားလျှင် သမီးက သူမကိုယ်ပေါ်ကနေ တခစ်ခစ် ရယ်ပြီးပါလာသည်။

ရေချိုးခန်းထဲရောက်လျှင် ပိုးရုံ သမီးရဲ့ အင်္ကျီလေးတွေကို ချွတ်ပြီး တဘက်အဖြူလေးနဲ့ ရင်လေးလျားပေးထားကာ သမီးအား ရေချိုးခန်းရဲ့ မှန်တင်ခုံပေါ် တင်ထားရသည်။ တစ်ဖက်မှာလဲ သူမက သမီးရဲ့ ရေချိုးကန်လေးထဲသို့ ရေအမြန်ဖြည့်ရသည်။

လှအိုးကွဲလေး မယ်ကြိုးကြိုးဟာဆိုရင်တော့ မှန်တင်ခုံရဲ့ မှန်ထဲမှာ မြင်နေရသည့် သူ့ပုံလေးကိုကြည့်ပြီး သူ့ကိုယ်သူ သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေးလေးဟု ထင်မှတ်ကာ မှန်ကို အာ၀ါးတွေ စွတ်ပေးနေသည်။

ရင်လျားလေးလုပ်ပေးထားသဖြင့် သမီးရဲ့ ရင်ဘတ်လေးနဲ့ လက်မောင်းလေးတို့မှ အဆီတုံးလေးတွေဟာလဲ ချစ်စရာကောင်းစွာဖြင့် တစ်တစ်ရစ်ရစ်လေးတွေအစ်ထွက်နေ၏။

"ကဲ သမီးရေ လာရေချိုးကြမယ်...."

ပိုးရုံ သမီးကို ဆွဲခေါ်လိုက်လျှင် သမီးက သူမလက်ထဲပါလာတာတောင် ခေါင်းလေးစောင်းပြီး သူ့ပုံလေးကို မှန်ထဲမရမက ကြည့်နေသေးသည်။

❤️ Love & Fortune ❤️Opowieści tętniące życiem. Odkryj je teraz