❤️ အပိုင်း 10 ❤️

14.3K 490 7
                                    

❤️ Love & Fortune ❤️

အပိုင်း 10

"အားလုံးကို မိတ်ဆက်ပေးရဦးမယ်... ဒါက ပိုးရုံရဲ့ အမျိုးသားပါ .... ယောနိုင်ငံလို့ ခေါ်ပါတယ်.....ယောကျာ်း ဒါသားရဲ့ သူငယ်ချင်းအမေတွေလေ....ဒါက မစန္ဒီ
ဒါက မမူယာ ၊ ဟိုဘက်က မကြည်ပြာ ၊
မကေသီ နဲ့ မဒေ၀ီတဲ့ ..... "

ယောနိုင်ငံက အသိအမှတ်ပြုဟန်ဖြင့် အားလုံးကို ခေါင်းတစ်ချက်ငြိမ့်ပြ၏။

"ယောကျာ်းကို ပြောပြရဦးမယ်.... မမူယာရဲ့ အမျိုးသားက BY Group ကတဲ့လေ.... အဲ့တာ ယောကျာ်း BY Group ကို သိလားဟင် ... "

BY Group ဆိုတာ ဟိုတလောက ပွဲတစ်ခုမှာ သူနဲ့ တစ်ခါဆုံဖြစ်ခဲ့ရုံနဲ့ အလုပ်ပါတွဲလုပ်ခွင့်ရဖို့အထိ အသည်းအသန်လိုက်ကြိုးစားနေတဲ့ ကုမ္ပဏီသေးသေးလေးတစ်ခုဖြစ်ကြောင်း ယောသတိရသွား၏။

"မမူယာကပြောနေတယ် ....
မိန်းမကို ယောကျာ်းနဲ့ ပွဲတွေအတူတက်တာ မတွေ့မိလို့တဲ့ .....အဲ့တာယောကျာ်းမကောင်းလို့သိလား .... မိန်းမက ဘယ်လိုပဲ အဲ့လိုပွဲမျိုးတွေတက်ရတာကို သဘောမကျပါစေဦးတော့ မိန်းမအလိုကိုလိုက်ပြီးတစ်ယောက်ထဲပဲ အမြဲပွဲတက်ရသလား.....အခုတော့ သူများက အထင်တွေလွဲကုန်ပြီ...."

သူမရဲ့ အထင်လွဲကုန်ပြီဆိုသည့် စကားကြောင့် ယောနိုင်ငံက သူမမျက်နှာအား သေချာစွာကြည့်လာသည်။

"ဘယ်လို အထင်လွဲတာလဲ ....."

"ဘယ်လို အထင်လွဲလွဲပေါ့.... ဒါပဲနော် အခု အများရှေ့မှာ မိန်းမတစ်ခါထဲ ပြောထားမယ်....မိန်းမက ဘယ်လောက်ပဲ အလုပ်တွေများနေပါစေဦးတော့ နောက်ဆို မဖြစ်မနေ အရေးတကြီး တက်ရမယ့်ပွဲတွေရှိရင် မိန်းမကို ပြောရမယ် ဟုတ်ပြီလား "

သူ့လက်မောင်းကို ပိုးရုံ ပိုပြီးတင်းကျပ်စွာ ပွေ့ဖက်​ပြီးပြောလိုက်တော့ ယောနိုင်ငံက နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးသည်။

"ဒါဆို ဒီက မမူယာက တစ်ခုခုကို အထင်မှားနေတဲ့ပုံပါပဲ .... ကျွန်တော်က မိန်းမကလွဲရင် တခြားဘယ်အရာမှ အရေးထားတတ်တာမဟုတ်ဘူး..... မိန်းမနဲ့ ပွဲတွေ အတူမတက်ဖြစ်ဘူးဆိုတာကလဲ သူက အနုပညာသမားဆိုတော့ အဲ့လိုဂုဏ်ပကာသဏဖက်တဲ့ ပွဲမျိုးတွေဆို သဘောမကျဘူးလေ....အဲ့တာကြောင့် ကျွန်တော်က မိန်းမစိတ်ညစ်မှာဆိုးပြီး ပွဲတွေဆို မခေါ်သွားဖြစ်တာပါ......"

❤️ Love & Fortune ❤️Where stories live. Discover now