❤️ အပိုင်း 31 ❤️

11.2K 440 10
                                    

❤️ Love & Fortune ❤️

အပိုင်း 31

ဗိုက်အတု လွယ်ထားရသည့် သူ့ကို ကြည့်ပြီး တခစ်ခစ်ရယ်နေသော သူမကို ယော လျစ်လျူသာ ရှုထားလိုက်ပြီး ကလေးအရုပ်လေးကို ရေချိုးပေးဖို့ကိုသာ အာရုံစိုက်ထားမိသည်။

မွေးခါစကလေးအရုပ်တစ်ရုပ်ရယ်၊ ရေဇလုံလေးတစ်လုံးရယ် ၊ ကလေးရေချိုးဆပ်ပြာရည်ရယ်နဲ့ တဘက်တို့ကို ပေးထားပြီး မွေးစကလေးတစ်ယောက်ကို ဘယ်လိုမျိုး ရေချိုးပေးသင့်တယ်ဆိုတာကို ဆရာမက ရှေ့ဆုံးကနေ သင်ပေးနေသည်။

ဆရာမသင်ပေးသည့်အတိုင်း ယောမှာ သေချာအာရုံစိုက်ပြီး ဂရုတစိုက်လိုက်လုပ်ရ၏။

ကလေးအရုပ်လေးကို အာရုံအပြည့်စိုက်ပြီး ဆရာမလုပ်ခိုင်းတဲ့အတိုင်း လိုက်လုပ်နေသည့် သူ့ကို ကြည့်ပြီး ပိုးရုံ ​ပြုံးလိုက်မိသည်။

တခြားလူတွေ ကမောက်ကမဖြစ်နေကြပေမယ့် သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်စရာရှိတာကိုလုပ်နေ၏။

သမီးလေးမွေးလာရင် သူ ကိုယ်တိုင် ကလေးကို ရေချိုးပေးမယ့် ပုံရိပ်လေးကို မြင်ယောင်ကြည့်ရင်း ပိုးရုံ ရင်ထဲကြည်နူးသွားရသည်။

ဆရာမက ကလေးကို ဘယ်လိုရေချိုးပေးရမယ်ဆိုတာ ပြောပြရင်းနဲ့ အနှီးနဲ့ ဘယ်လိုထုပ်ပိုးသင့်ကြောင်း၊ ဘယ်လိုအနေအထားမှန်မှန်နဲ့ ချီပိုးသင့်ကြောင်း၊ နောက်ဆုံး Diaper ဘယ်လိုလဲသင့်ကြောင်း ဆိုတာတွေကိုပါ တစ်ခါထဲ ပြောပြပေးသွား၏။

ပြီးသွားတဲ့နောက်မှာတော့ ဖြည့်စွက်စာချက်တဲ့ အစီအစဥ်လေးရောက်လာသည်။ ဒီအစီအစဥ်လေးက ကလေးတွေ ဖြည့်စွက်စာ စားလို့ရတဲ့ အရွယ်ရောက်မှ အသုံး၀င်ပေမယ့် ဆရာမက လုပ်တတ်အောင် လုပ်ခိုင်း၏။

ဖြည့်စွက်စာကိုတော့ ပိုးရုံ ကိုယ်တိုင်ချက်ရပြီး သူက ဘေးကနေ ဘာလိုတယ်ဘာလိုတယ်ဆိုတာကို ညွှန်ကြားပေးသည်။

Activity တစ်ခုလုပ်တိုင်းလုပ်တိုင်းမှာ အကောင်းဆုံးလုပ်နိုင်တဲ့ ကလေးဖေဖေ သို့မဟုတ် ကလေးမေမေကို ဆရာမက ဆွဲပြား ဆုလေးတွေ ပေးရာ အခုဆိုရင် ပိုးရုံတို့ဆီမှာ ဆုတံဆိပ်လေးတွေ တော်တော်များများရနေပြီဖြစ်၏။

❤️ Love & Fortune ❤️Where stories live. Discover now