❤️ အပိုင်း 86 ❤️

6K 303 9
                                    

❤️ Love & Fortune ❤️

အပိုင်း 86

ကျောင်းပေါင်းစုံပြိုင်ပွဲကို ၀င်မပြိုင်ခင်မှာ ခြိမ်းတို့ရဲ့ ဘောလုံးနည်းပြကြီးက 
ကျောင်းရဲ့ဘောလုံးအသင်းမှာရှိနေတဲ့ အဖွဲ့၀င်တွေကို အုပ်စုနှစ်စုခွဲပြီး အကြိုခြေစမ်းပွဲအနေဖြင့် ယှဥ်ပြိုင်စေသည်။

အုပ်စုနှစ်စုခွဲလိုက်သည့်အခါမှာတော့ ခြိမ်းက အုပ်စု A အနီအသင်းမှာ ကျသွားပြီး မာန်နဲ့ဇ ကတော့ အုပ်စု B အပြာအသင်းမှာကျသွား၏။

အဖွဲ့ခွဲပြီးတဲ့နောက်မှာတော့ သူတို့အားလုံးကိုယ်နဲ့ သက်ဆိုင်တဲ့ ဘောလုံးဂျာစီ၀တ်စုံလေးတွေ ပြောင်း၀တ်ရသည်။

ခြိမ်းက တောင်ပံတိုက်စစ်ကစားသမားဖြစ်တာကြောင့် နံပါတ် 7 ကို ၀တ်ဆင်ပြီး မာန်ကတော့ရှေ့တန်းတိုက်စစ်မှူးဖြစ်တာမို့ နံပါတ် 9 ကို ၀တ်ဆင်ရသည်။ ဂိုးသမား ဇ ကတော့ နံပါတ် 1 ဖြစ်၏။

ဂျာစီ၀တ်စုံတွေရဲ့ အရောင်က အနီရဲရဲ နှင့် စိုလွင်နေတဲ့နက်ပြာရောင်တို့ ဖြစ်ကြတာမို့ အသားဖြူသည့် သူတို့ ၃ယောက်က ကွင်းထဲမှာ ထင်းထွက်နေသည်။

သူတို့၃ယောက်လုံးက ဘောလုံးကစားခြင်းအပေါ်ရူးသွပ်ကြတာမို့ ၃ယောက်လုံးဘောလုံးစပြီးကန်ကြထဲက အားပေးကြသည့် အမာခံ ကျောင်းတွင်းပရိတ်သက်လေးတွေက ရှိနှင့်နေပြီးသားပင်။

ထိုပရိတ်သက်တွေက အခုလိုမျိုး ထရိန်နင်ဆင်းတဲ့ရက်တွေမှာတောင် ရောက်လာတတ်ကြပြီး သူတို့ကစားတာကို အားပေးကြသည်။

အခုလဲ လာကြည့်ကြသည့် ပရိတ်သက်တွေက ဒီနေ့ထရိန်နင်ပြိုင်ပွဲအတွက် ထင်ကြေးအသီးသီးပေးနေကြသည်။

မနှစ်က ကျောင်းပေါင်းစုံပြိုင်ကြတုန်းက ခြိမ်း၊ မာန်၊ ဇတို့က တစ်သင်းထဲ အတူတူကျခဲ့ပြီး အတွဲညီညီကစားခဲ့ကြတာမို့ ပြိုင်ဘက်အသင်းတွေကို ကြောက်စရာကောင်းလောက်သည့် ရမှတ်တွေဖြင့် အနိုင်ယူနိုင်ခဲ့သည်။

ဒီနေ့ရဲ့ ထရိန်နင်ပြိုင်ပွဲမှာတော့ သူတို့ ၃ယောက် ကွဲသွားကြလေပြီ။

မာန်နဲ့ဇ တို့က တစ်သင်းထဲ သွားကျပြီး ခြိမ်းကတော့ သပ်သပ်တစ်သင်းကိုရောက်သွားသည်။

❤️ Love & Fortune ❤️Where stories live. Discover now