❤️ အပိုင်း 15 ❤️

12.8K 479 8
                                    

❤️ Love & Fortune ❤️

အပိုင်း 15

ဂျယ်ဂျူကိုရောက်ဖို့အတွက် Yangon ကနေ Seoul သို့ 5 နာရီခွဲနီးပါးကြာအောင် ပိုးရုံတို့ လေယာဥ်စီးရသည်။

Seoul ကိုရောက်ပြီးနောက် Incheon လေဆိပ်မှတစ်ဆင့် ယောနိုင်ငံ ကြိုပြီးစီစဥ်ထားသည့် ကားနဲ့ Gimpo လေဆိပ်ဆီသွားရ၏။

Gimpo ရောက်တော့လဲ Gimpo မှ
ဂျယ်ဂျူသို့ လေယာဥ် ထပ်စီးရပြန်သည်။

နောက်ဆုံးဂျယ်ဂျူကို ရောက်သည့်အခါမှာတော့ သူမတို့မိသားစုကို လာကြိုနေသည့် ကားနဲ့ တည်းခိုရမည့် ဟိုတယ်သို့ တစ်ခါထဲ လိုက်သွားရ၏။

စုစုပေါင်း ခရီးကြာချိန်က ၇နာရီကျော်ရှိပြီး ရန်ကုန်မှ နေ့လယ် ၂နာရီမတိုင်ခင်ထဲက ထွက်လာခဲ့ရတာမို့ ဒီကိုရောက်တော့ ည၉နာရီထိုးနေပြီ။

ကိုရီးယားနဲ့ မြန်မာနဲ့က အချိန် ၂နာရီခွဲကွာခြားတာကြောင့် ကိုရီးယားစံတော်ချိန်နဲ့ဆိုရင်တော့ ည 11 နာရီခွဲနေပြီဖြစ်၏။

ကားတစ်လှည့် လေယာဥ်တစ်လှည့်ဖြင့် ကားနဲ့ လေယာဥ်ကို ခေါက်တုံ့ခေါက်ပြန်စီးခဲ့ရသောကြောင့် ပိုးရုံခရီးပန်းပြီး မျက်လုံးတွေလဲ မှေးစင်းလာရသည်။

ခရီးပန်းသည့်ဒဏ်ကို ဘယ်လိုမှ မခံနိုင်
သည့်အဆုံးမှာတော့ ကားနောက်ခန်းတွင်းမှာ အတူတူ ထိုင်နေတဲ့ သူ့ရဲ့ ပခုံးပေါ်သို့ ခေါင်းမှီကျသွားရပြီး တဖြည်းဖြည်းနဲ့ပဲ အိပ်ပျော်သွားရသည်။

ခြိမ်းလေး ကားမှန်အပြင်ဘက်မှ ရှူခင်းတွေကို ငေးကြည့်ရင်း ဒီဘက်ပြန်လှည့်မိတော့ မာမီက ဒယ်ဒီပခုံးပေါ်မှာ မှီအိပ်နေတာကို တွေ့ပြီး အံ့သြသွားရ၏။

"ဒယ်ဒီ ....မာမီအိပ်ပျော်သွားပြီ ထင်တယ်..."

​ဒယ်ဒီက သူ့အားပြုံးကြည့်ကာ ခေါင်းငြိမ့်ပြပြီး ရှူးဟု လုပ်ပြသည်။ ဒယ်ဒီပုံစံက မာမီ နိုးသွားမှာကို စိုးရိမ်ဟန်ရှိနေတာကြောင့် ခြိမ်းလေး ပြုံးမိသွားရသည်။

ဟိုတယ်ဆီရောက်တော့ မာမီကို လှုပ်နှိုးကြည့်ပေမယ့် မာမီက မနိုးတာကြောင့် ဒယ်ဒီကပဲ ပွေ့ချီကာ ဟိုတယ်ထဲသို့ ခေါ်လာခဲ့ရသည်။

❤️ Love & Fortune ❤️Where stories live. Discover now