❤️ အပိုင်း 90 ❤️

5.8K 338 6
                                    

❤️ Love & Fortune ❤️

အပိုင်း 90

ဒုတိယပိုင်းပြန်စချိန်မှာတော့ ဟိုဘက်အသင်းမှ လူချသည့်နှစ်ယောက်က မာန့်အနားပြန်ကပ်ပြီး ညှပ်ကစားဖို့လုပ်ပေမယ့် ခြိမ်းတို့ဘက်မှ အသင်းသားတွေက အရင် လက်ဦးမှုယူကာ မာန့်အနားမှာ ၀ိုင်းထားပြီး ကစားကြတာကြောင့် ဟိုနှစ်ယောက် ဘယ်လိုမှမတတ်နိုင်တော့ပေ။

နှစ်သင်းလုံးရဲ့ ဒုတိယပိုင်းကစားကြပုံက ပထမပိုင်းထက် ပိုပြီး ပြင်းထန်လာကာ အကျိတ်အနယ်ဖြစ်လို့လာသည်။

ခြိမ်းတို့အသင်းကလဲ ဦးဆောင်ဂိုးသွင်းနိုင်ဖို့ အပြင်းအထန်ကြိုးစားကြသလို တစ်ဖက်အသင်းကလဲ ရရင်ရသလို လူချဖို့လုပ်ကာ တန်ပြန်တိုက်စစ်နဲ့ ကစားနေသည်။

သို့ပေမယ့် ဒုတိယပိုင်းစပြီး မိနစ် ၃၀ ကျော်လာတဲ့အထိ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်သေးပေ။

မာန် နဲ့ ခြိမ်းတို့မှာလဲ ဦးဆောင်ဂိုးသွင်းနိုင်ဖို့ စွမ်းစွမ်းတမံကြိုးစားကြပေမယ့် နောက်ဆုံးတော့ တစ်ဖက်အသင်းက ဂိုးသမားလက်ထဲမှာပဲ အဆုံးသတ်သွားရသည်။

နှစ်ဖက်အသင်းရဲ့ ပရိတ်သက်တွေဆီမှ အော်ဟစ်အားပေးသံတွေကလဲ Stadium အတွင်းထဲမှာ ကြွက်ကြွက်ညံနေလေသည်။

မာန့်မှာတော့ ပခုံးမှဒဏ်ရာကြောင့် ဂိုး သေချာမသွင်းနိုင်သည့် သူ့ကိုယ်သူပဲ မချင့်မရဲဖြစ်နေရသည်။

ဒဏ်ရာကြောင့် နားထင်နားတွင် စို့နေတဲ့ ချွေးစေးတွေကို မာန် သုတ်ပစ်လိုက်ပြီး သူ့ခြေထဲကို ဘောလုံးပြန်ရောက်လာဖို့အတွက် ပြေးရပြန်သည်။

ခြိမ်းကစားနေရင်းနဲ့ မာန့်ဆီကိုပဲ တစ်ချက်တစ်ချက် အကြည့်ကရောက်နေမိသည်။

မာန့်ပုံစံကိုကြည့်ရတာ မဟန်တော့ပေ။ ဒဏ်ရာအခြေအနေက ပြင်းသည့်ပုံပေါ်သည်။ ဒါပေမဲ့လဲ ဒီကောင်က ခေါင်းအရမ်းမာလွန်းသည်။ မရမကကို ဆက်ပြီး ကစားနေကာ ဂိုးသွင်းဖို့ကိုပဲ အားခဲနေသည်။

ခြိမ်း မာန့်ဆီ အာရုံရောက်နေတုန်းမှာပဲ တစ်ဖက်အသင်းမှကောင်က ခြေထိုးခံလိုက်တာကြောင့် ရှေ့ကို ဟတ်ထိုးပစ်လဲကျသွားရသည်။

❤️ Love & Fortune ❤️Where stories live. Discover now