❤️ အပိုင်း 84 ❤️

5.9K 313 6
                                    

❤️ Love & Fortune ❤️

အပိုင်း 84

ယွန်းမှီက သူမအား ရှိုက်ကြီးတငင်ငိုရင်း အကြောင်းစုံကို ရင်ဖွင့်ပြီးတဲ့နောက်မှာတော့ ပိုးရုံ စ၀်ဆိုသည့် အကောင်အား
ခပ်နာနာလေးကို ရိုက်ပစ်ချင်လာသည်။

ဒီလောက်အထိ နင့်အနားမှာ နှစ်တွေအကြာကြီးရှိလာခဲ့တဲ့ မိန်းကလေးရဲ့ စိတ်ကိုမှ ဘာလို့ အဲ့လောက်တောင် နားမလည်ရတာလဲဆိုပြီး တဖုန်းဖုန်းနဲ့သာ ထုရိုက်ပစ်ချင်တော့သည်။

ကိုယ်၀န်ရှိခါစမို့ အားနည်းနေတာရော၊ စိတ်ဖိစီးနေတာတွေရောနဲ့ ပေါင်းပြီး နွမ်းနယ်နေတဲ့ သူမသူငယ်ချင်းလေးကို စိတ်သက်သာရာရအောင်လို့ ပိုးရုံမှာ မနည်းနားချပြီး နှစ်သိမ့်ခဲ့ရသည်။

ထို့နောက် ယွန်းမှီစားဖို့အတွက် သူမတစ်ခုခုစီစဥ်ပေးပြီး အစာ၀င်အောင်လို့ ယွန်းမှီအား အတင်းကျွေးရသည်။

ယွန်းမှီဗိုက်ထဲ အစာလေး၀င်သွားပြီဆိုတော့မှ သေချာလေးအနားယူခိုင်းရ၏။

နောက်ဆုံး ယွန်းမှီအိပ်ပျော်သွားပြီဆိုတော့မှ ပိုးရုံ ပြန်လာဖြစ်ခဲ့သည်။

ယွန်းမှီဆီကအပြန်မှာတော့ ယောက ကလေးတွေကို အတူတူသွားကြိုကြမယ်နော်ညလေး ဟု message ပို့လာတာကြောင့် ကလေးတွေကြိုဖို့အချိန်ကစောနေသေးပေမယ့် ပိုးရုံ အိမ်ကို ပြန်မနေတော့ဘဲ ယောရဲ့ ကုမ္ပဏီရှိတဲ့ဘက်ကိုပဲ ကားကိုချိုး၀င်လိုက်သည်။

ယောကတော့ သူမအစောကြီး ကုမ္ပဏီကို ရောက်လာလို့ အံ့သြနေတော့မှာပဲ။

ယောရဲ့ ကုမ္ပဏီဆီသို့ရောက်လျှင် ၀န်ထမ်းအားလုံးက သူမအား အရိုအသေပေးနေကြသည်မို့ ပိုးရုံ နေရခက်လာ၏။

ဖြစ်ချင်တော့ သူမက ဒီနေ့မှ ထသွားထလာ ပုံစံမျိုးပဲ၀တ်လာခဲ့မိတာကြောင့် ပိုးရုံ
ယောရဲ့ ရုံးခန်းဆီကို အမြန်ရောက်ရန် ဓာတ်လှေကားဆီသို့ ခြေလှမ်းခပ်သွက်သွက်ဖြင့် လျှောက်လာခဲ့မိသည်။

ယောရဲ့ ရုံးခန်းဆီသို့ရောက်လျှင် ပိုးရုံ အရင် တံခါးခေါက်လိုက်ပြီး အသိပေးလိုက်သည်။

❤️ Love & Fortune ❤️Where stories live. Discover now