❤️ အပိုင်း 54 ❤️

7.5K 367 9
                                    

❤️ Love & Fortune ❤️

အပိုင်း 54

ခေါင်းရင်းဘက်ရှိ စားပွဲပေါ်တွင် တင်ထားသည့် ဖုန်းမှ alarm သံလေး ထွက်ပေါ်လာလျှင် ခြိမ်းလေး ချက်ချင်းဆိုသလို အိပ်ရာမှ နိုးလာခဲ့ပြီး ဖုန်းကိုလှမ်းယူကာ alarm လေးကို ကောက်ပိတ်လိုက်သည်။

ဖုန်းမှာပေါ်နေသည့် အချိန်လေးကိုကြည့်လိုက်တော့ 12 နာရီတိတိပင်။

ဖုန်းလေးကိုကြည့်ပြီး ခြိမ်းလေးပြုံးလိုက်မိကာ ခုတင်ပေါ်မှ ထလိုက်သည်။

ထို့နောက် ညီမလေးမွေးနေ့အတွက် သူ ကြိုပြီးပြင်ဆင်ထားခဲ့သည့် မွေးနေ့လက်ဆောင်လေးကို ယူကာ ခြိမ်းလေး အခန်းထဲမှ ထွက်လာခဲ့သည်။

ညီမလေးကို ပေးဖို့ပြင်ဆင်ထားသည့် သူ့ရဲ့ မွေးနေ့ လက်ဆောင်လေးကတော့ amazon website ကနေ တကူးတကမှာထားရသည့် ယုန်ရုပ်ပုံစံ silicon night lamp လေးဖြစ်၏။

ညီမလေးမွေးနေ့အတွက် ဘာလက်ဆောင်လေးပေးရမလဲဆိုပြီး သူ internet မှာရှာကြည့်ရင်းကနေ amazon website မှာ ဒီယုန်ရုပ် night lamp လေးကို ရှာတွေ့ခဲ့တာဖြစ်သည်။ အိစိအိစိနဲ့ ကိုင်လို့ကောင်းပြီး မီးလဲထွန်းလို့ရမည့် ဒါလေးကို မြင်မြင်ချင်းပဲ သူ သဘောကျခဲ့သည်။

ထို့ကြောင့် အဲ့ဒီယုန်ရုပ်ပုံစံ night lamp လေးကို amazon website ကနေတစ်ဆင့်၀ယ်ဖို့အတွက် လေးလေးစောမာန်ကို သူအကူအညီတောင်းခဲ့ရ၏။

ညီမလေးရဲ့အခန်းရှေ့သို့ရောက်လျှင် ခြိမ်းလေး လက်ဆောင်ထုပ်လေးကိုင်ကာ အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်ပြီးမှ ခြေသံလုံလုံဖြင့် အခန်းထဲသို့ ၀င်ခဲ့၏။

အခန်းတွင်းမှာ ညအိပ်မီးမှိန်မှိန်လေး ထွန်းထားတာကြောင့် ပုခက်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ညီမလေးကို ခြိမ်း သေချာမြင်ရသည်။ ညီမလေးရဲ့ နာနီအစ်မကြီးကလဲ မလှမ်းမကမ်းမှာ အိပ်ပျော်နေသည်။

ခြိမ်းလေး သူယူလာသည့် လက်ဆောင်ထုပ်လေးကို ညီမလေးရဲ့ ပုခက်ထဲထည့်လိုက်ပြီး ညီမလေးရဲ့ ပါးဖောင်းဖောင်းလေးကို ငုံ့နမ်းလိုက်သည်။

ထို့နောက် ချစ်ဖို့အရမ်းကောင်းတဲ့ သူ့ညီမလေးရဲ့ မျက်နှာကို ချစ်မ၀စွာကြည့်ရင်း
ဆုတောင်းပေးလိုက်သည်က "မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုကို့ရဲ့ ကြိုးကြိုးလေး" ဟု....

❤️ Love & Fortune ❤️Where stories live. Discover now