🚨 အပိုင်း 14 🚨

21.1K 516 10
                                    

🚨 Love & Fortune 🚨

အပိုင်း 14

"ယောနိုင်ငံ ရှင်ရော ဘာတွေထည့်ဦးမလဲ ...."

လေသာဆောင်ဘက်ထွက်ကာဖုန်းပြောပြီး အခန်းထဲ ပြန်၀င်လာသည့် ယောနိုင်ငံကို ဘာတွေထည့်ဦးမလဲဆိုတာ ပိုးရုံ သူမရဲ့ ခရီးဆောင်အိတ်ကိုစီစဥ်နေရင်းနှင့်
လှမ်းမေးလိုက်၏။

"ကိုယ့်အတွက်က အားလုံးထည့်ပြီးသွားပြီ.... ဟိုမှာလေ ...."

"ဟင်အဲ့ဒီ luggage တစ်လုံးထဲလား....ရှင်ပြောတော့ နည်းနည်းကြာမယ့် ရက်ရှည်ခရီးဆို ...."

"အင်းလေ .... ရက်နည်းနည်းကြာမှာမို့
luggage ယူသွားတာ.... နှစ်ရက်သုံးရက်ပဲကြာမယ့် ခရီးမျိုးဆို ကိုယ်က အလုပ်ရှုပ်ခံပြီး ဘယ်တော့မှ luggage ယူမသွားဘူး..... လိုအပ်ရင်လဲ ဟိုမှာအချိန်မရွေး၀ယ်လို့ရနေတာပဲ ..... မင်းလဲ ပစ္စည်းတွေအများကြီး ထည့်မလာနဲ့နော်...."

"မရပါဘူး.... ရှင့်ဘာရှင် luggage ၁လုံးပဲ ထည့်ချင်ထည့် .... ကျွန်မကတော့ ဒီ luggage ၂လုံးရယ် ဟောဒီ make-up box လေးရယ်ကတော့ ပါအောင်သယ်မှဖြစ်မှာ.... "

"မင်း luggage တွေက အကြီးကြီးကို တစ်လုံးထဲနဲ့ မဆန့်ဘူးလား.... "

"မဆန့်လို့ နှစ်လုံးခွဲထည့်ထားရတာပေါ့.. "

"အဲ့တာဆိုလဲ အဲ့ဒီ make-up box လေးကို luggage တစ်လုံးထဲဖြစ်ဖြစ် ထည့်ထားလိုက်လေ.....ဘာလို့အပြင်မှာ ထုတ်နေတော့မှာလဲ ..... "

"ထည့်လို့မရတော့ဘူး .... luggage ၂လုံးလုံးက အကုန်ပြည့်နေပြီ .... ဒါတောင် power bank တို့ chargerကြိုးတို့ကို ကျွန်မလက်ကိုင်အိတ်ထဲ ထည့်သွားရမှာ....."

"ညပိုးရုံ မင်းသိထားဖို့က အခုဂျယ်ဂျူခရီးက ကိုယ့်အလုပ်ကိစ္စကြောင့် ရက်နည်းနည်းကြာမှာဆိုပေမယ့် ကိုယ်တို့ ဟိုကို အပြီးပြောင်းသွားမှာ မဟုတ်ဘူးနော်....."

"မိန်းကလေးဆိုတာ ရှင်တို့ယောကျာ်းတွေလိုမျိူး အပေါ်အောက် နှစ်ထည်ထဲနဲ့ပြီးသွားတာ မဟုတ်ဘူးရှင့် .....အပေါ်အောက်ကိုမှ အတွင်းအပြင်ဆိုပြီး ထပ်ရှိသေးတယ်...

ပြီးတော့ ဟိုရောက်ရင် လည်ဖို့ပတ်ဖို့နဲ့ သွားလာမယ့် နေရာဒေသပေါ် မူတည်ပြီးဖိနပ်ကိုလဲ high heels ၊ sneakers ၊
slippers ဆိုပြီး ခွဲထည့်ရသေးတယ်....
ပြီးတော့ ရေချိုးရင် ဆံပင်ညှပ်တင်ထားမယ့် ကလစ်ကစပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းက အဆုံး ထည့်နေရတာရှင်သိလား .....

❤️ Love & Fortune ❤️Dove le storie prendono vita. Scoprilo ora