❤️ အပိုင်း 40 ❤️

11.4K 388 7
                                    

❤️ Love & Fortune ❤️

အပိုင်း 40

"မင်းသမီးလေး ကြိုးကြိုးရှင့် .... အိပ်ရာက ထချိန်ရောက်ပါပြီ.... အိပ်ရာက ထပါတော့ မင်းသမီးလေး...."

ပိုးရုံ လေသံတိုးတိုးလေးနဲ့ အိပ်ပျော်နေသည့် သမီးလေးကို နှိုးလိုက်ပေမယ့် မင်းသမီးလေးကြိုးကြိုးမှာ တုပ်တုပ်တောင် မလှုပ်ဘဲ အိပ်ပျော်မြဲသာ အိပ်ပျော်နေလေသည်။

"မင်းသမီးလေး အိပ်ရာက ထချိန်တန်ပါပြီ.....ဟောတော် ဘယ်လိုနှိုးနှိုး မနိုးပါလား..... ယော မီးဖွင့်လိုက်တော့ .... သမီးကို နှိုးမှရမယ်..... သမီးအိပ်တာ အရမ်းကြာနေပြီ...."

ညလေး​က မီးဖွင့်ခိုင်းသည့်အတွက် ယော အခန်းမီးကို သွားဖွင့်လိုက်ရသည်။

အခန်းမီးကို ဖွင့်လိုက်လဲ အိပ်စက်ခြင်းမှာ ပျော်မွေ့နေသော ကြိုးကြိုးဟာတော့ ဆက်ပြီး အိပ်ပျော်နေတုန်းပင်။

သမီးက သူ့အစ်ကို ကြိုတင်ပြီး၀ယ်ပေးထားခဲ့သည့် Unicorn အရုပ်လေးကို အရမ်းသဘောကျသောကြောင့် သူ့ပုခက်လေးထဲမှာ အဲ့ဒီ Unicorn အရုပ်လေးကို ထည့်ပေးထားရ၏။

အခုလဲ Unicorn ရဲ့ ထိပ်မှ ဂျိုလေးကို လက်ချောင်းသေးသေးလေးတွေဖြင့် ဆုပ်ကိုင်ပြီး အိပ်ပျော်နေသည်မှာ တကယ်ကို အသည်းယားဖွယ်ပင်။

သူမ ဒီလိုနှိုးနေရုံနဲ့တော့ သမီးက နိုးထဖို့ အလားအလာမရှိတာကြောင့် ပိုးရုံ နောက်ဆုံးမှာတော့ သမီးရဲ့ ကိုယ်လုံးလေးကို လှုပ်ပြီးနှိုးလိုက်ရ၏။

"မာမီတို့ ဒီနေ့ အပြင်သွားရမှာမို့ အိပ်ရာက ထပါတော့ မင်းသမီးလေးကြိုးကြိုးရှင့် ...."

ပိုးရုံ ထိုသို့ လှုပ်နှိုးလိုက်တော့မှ သမီးရဲ့ မျက်၀န်းလေးတွေက ဖျတ်ခနဲဆိုသလို ပွင့်လာသည်။

ရုတ်တရက် နိုးသွားရသည့် ပုံစံလေးက မသိရင် သူမလေး အိပ်မက်မက်နေရာကနေ လန့်နိုးသွားရတဲ့ ပုံစံမျိုးလေးဖြစ်ပြီး ငါဘယ်ကိုရောက်နေတာလဲဆိုသည့် မျက်နှာလေး ဖြစ်နေတာကြောင့် ယောနဲ့ သူမမှာ သမီးကို ကြည့်ကာ ရယ်လိုက်မိကြ၏။

"အဟွန်းဟွန်း.... မာမီ နှိုးလိုက်လို့ မာမီ့ကြိုးကြိုးလေးက အိပ်မက်က လန့်နိုးသွားတာလား .... ဟုတ်လား သမီးလေး......ညကလဲ ကြိုးကြိုး တစ်ရေးမှ မနိုးဘဲ အကြာကြီး အိပ်ပျော်နေတာလေ... အခု အိပ်ရာကထတော့နော်.... မာမီတို့ ရေချိုးကြမယ်လေနော်....."

❤️ Love & Fortune ❤️Tahanan ng mga kuwento. Tumuklas ngayon