❤️ အပိုင်း 5 ❤️

13.8K 487 8
                                    

❤️ Love & Fortune ❤️

အပိုင်း 5

"ရှင် ဘာလို့ ပြုံးလိုက်တာလဲလို့ မေးနေတာ.... ကျွန်မရွေးထားတဲ့ ခန်းမက ဘာဖြစ်လို့လဲ "

"ခန်းမက ဘာမှမဖြစ်ပါဘူး ... အကောင်းကြိုက်လွန်းတဲ့ မင်းရဲ့ စိတ်ကို သဘောကျမိလို့ပါ.... မင်းကို ငါပို့ပေးလိုက်တဲ့ ခန်းမတွေထဲမှာ ဒီခန်းမက အကောင်းဆုံးနဲ့ အဆင့်မြင့်ဆုံးပဲလေ..... ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး ....မင်းကိုယ်တိုင် ​Mian Bao Xia တစ်ပွဲ ကြော်ကျွေးထားတာပဲဟာကို ဒီလောက်တော့လိုက်လျောပေးရမှာပေါ့ ....."

ကြည့်စမ်း.... ဒါ သူမကို Mian Bao Xia တစ်ပွဲနဲ့ လုပ်စားသွားတယ်လို့ ပြောလိုက်တာပဲ။

ဒီလိုမှန်းသိရင် သူ့ကို သွားမကျွေးပါဘူး။

စေတနာကို စေတနာမှန်းမသိသည့်အလကားလူ။

"ပြပွဲက ဘယ်နေ့​လုပ်မှာလဲ "

"မသိဘူး "

ရုတ်တရက်ကြီး ဘောက်ဆတ်ဆတ်ပြန်ဖြေလာသည့် သူမကြောင့် ယော ထူးဆန်းသွားရသည်။

"ဘာဖြစ်သွားတာလဲ "

"ရှင့်စကားကို စိတ်ဆိုးသွားတာလေ....ပြောပုံက မသိရင် ကျွန်မကပဲ Mian Bao Xia တစ်ပွဲနဲ့ ရှင့်ရဲ့ အကောင်းဆုံးခန်းမကို ပြပွဲလုပ်ဖို့ ယူသွားသလိုလို ဘာလိုလိုနဲ့ ...."

"အဟွန်း အဲ့လိုသဘောဖြစ်သွားတာလား... "

"ဟုတ်တယ်အဲ့လိုသဘောဖြစ်သွားတာ.... ဒီမှာ ယောနိုင်ငံ ကျွန်မရှင်းရှင်းပဲ ပြောမယ် .... ကျွန်မက ရှင့်ရဲ့ မိန်းမ မဟုတ်ဘူးလား..."

"ဟုတ်တယ်လေ"

"ကျွန်မကြားဖူးတာတော့ မိန်းမဆိုတာက ယောကျာ်းပိုင်တဲ့ ပစ္စည်းမှန်သမျှကို အလိုလိုသက်ဆိုင်ပြီးသားတဲ့.... အဲ့တာကြောင့်ကျွန်မ ရှင့်ကို Mian Bao Xia ကြော်မကျွေးရင်တောင် ရှင့်ရဲ့ အကောင်းဆုံးခန်းမကို ကျွန်မက ပြပွဲလုပ်ချင်လို့တောင်းလာရင် ရှင် ပေးရမှာပဲ မဟုတ်လား "

သူမရဲ့ စကားကြောင့် သူက မျက်ခုံးအသာပင့်ပြီး ကြည့်လာသည်။

"မင်းက ဒီလိုလဲ မဏ္ဍပ်တိုင် တက်ပြတတ်တယ်လား.... မင်း ကိုယ့်ကို စိတ်မ၀င်စားဘူးလို့ပဲ ကိုယ်က ထင်ထားတာ.... အဟွန်းပြောပါဦး မင်း ဘယ်အချိန်တုန်းက Mrs. ယော လုပ်ဖို့ကို စိတ်၀င်စားသွားရတာလဲ .... "

❤️ Love & Fortune ❤️Where stories live. Discover now