🚨 အပိုင်း 62 🚨

14.5K 348 8
                                    

🚨 Love & Fortune 🚨

အပိုင်း 62

"ညနေကရေ ရေးရေးစောမာန်က ကြိုးကြိုးနဲ့ ကိုကို့ကို စပါဂသီ ၀ယ်ကျွေးသယ် မာမီ .... ကြိုးကြိုးက ပုစွန်နဲ့ စားသာ...  ကိုကိုက ၀က်သားရုံးနဲ့ စားသာ မာမီ....
ကြိုးကြိုးသို့ အအေးရဲ သောက်ခဲ့ကြသေးသယ် သိရား မာမီ "

"အဟွန်း ဟုတ်လား.... မာမီ့ကြိုးကြိုးလေးက စပါကတီတစ်ပွဲလုံး ကုန်တာပဲလား....."

"ကုန်သယ်မာမီ ...  ကြိုးကြိုးက ကုန်စားပစ်လိုက်သာ .... စပါဂသီက ရမ်းကောင်းလို့ရေ ..... ကိုကိုကသောင် နည်းနည်းရေး ကျန်နေသေးသယ် .... အစားစားရင် ကုန်အောင်စားရမယ်ဆိုသဲ့ မာမီ့စကားကို ကိုကိုကနားထောင်၀ူး .... ကိုကိုက ဆိုးသယ်နော် မာမီ.... ကြိုးကြိုးပဲ လိမ္မာသယ်နော်....."

အိပ်ရာ၀င်ခါနီး Video call ပြောရင်းနဲ့ အမေဖြစ်သူအား တစ်ခုချင်း တိုင်တန်းနေသည့် သမီးငယ်ကို ယော အသည်းယားမိသည်။

အခုမှ ၄နှစ်ပဲရှိသေးတဲ့ သမီးလေးက အတော်လေးကို လည်၀ယ်နေပြီဖြစ်သည်။ သမီးမိန်းကလေးဆိုတာ အမေနဲ့ တိုးတိုးဖော်ဆိုသည့်အတိုင်း အခုချိန်ထဲက သမီးက သားနဲ့ သူ့ရဲ့ အတင်းကို ညလေးအား ပြောပြတတ်သည်။

တစ်ခါတုန်းကဆို ညလေးဖျားနေတဲ့အချိန် အားရှိတာလေးတစ်ခုခုလုပ်ကျွေးရအောင်သမီးတို့မောင်နှမကိုခေါ်ပြီး ယော supermarket ကိုသွားခဲ့သည်။

၀ယ်စရာရှိတာတွေ ၀ယ်ခြမ်းပြီးတဲ့နောက် ငွေရှင်းတော့ ယောလဲ အမှတ်တမဲ့ဖြင့် cashier မှ ကောင်မလေးကို ကျေးဇူးပါဟု ပြောကာ ပြုံးပြခဲ့မိသည်။

ထိုကဲ့သို့ ပြုံးပြလိုက်မိတာကို သူ့ကိုယ်သူတောင် ယော သတိမထားမိလိုက်ပါ။

ဒါပေမဲ့ သမီးငယ်ပေါက်စကွေးကတော့ သတိထားမိခဲ့ပြီး အိမ်ပြန်ရောက်တာနဲ့ ညလေး ဆီကိုပြေးသွားကာ "မာမီ... မာမီ.... ဒယ်ဒီကရေ ... မာမီဖျားနေသဲ့ချိန်မှာသောင် ကတ်ရှာက မမကို ပြုံးပြခဲ့သေးသယ်သိရား .... ဟိုမမကရဲ ဒယ်ဒီရို ရုပ်ချောချောရေးက ပြုံးပြသာ ခံရရို့ မျက်နှာဂျီးက နီရဲသွားသာသိရား .... မာမီမဟုတ်သဲ့ သစ်ခြားမိန်းကရေးကို ပြုံးပြသဲ့ ဒယ်ဒီက ဆိုးသယ်နော်မာမီ ... လိမ္မာ၀ူးနော် ...." ဟု ​တိုင်ခဲ့လေသည်။

❤️ Love & Fortune ❤️Where stories live. Discover now