❤️ အပိုင်း 55 ❤️

8.2K 342 7
                                    

❤️ Love & Fortune ❤️

အပိုင်း 55

အခန်းထဲတွင်တော့ သမီးလေးကို မွေးနေ့အ၀တ်အစားလဲပေးဖို့အတွက် ယောက သမီးရဲ့ ချိုင်းလေးကနေ မ ထားပေးရသည်။

ပိုးရုံကတော့ ယောတစ်ယောက် ချိုင်းကနေ မ ပြီး ထိန်းပေးထားတာတောင် သူ့အားသေးသေးလေးနဲ့ အံလေးကြိတ်ပြီး ရုန်းချင်နေသေးသည့် သမီးကို မွေးနေ့ဂါ၀န်ကားကားလေး အမြန်ဆုံး၀တ်ပေးနိုင်ရေးအတွက် ကြိုးစားနေရသည်။

မွေးနေ့ဂါ၀န်၀တ်ပေးလို့ပြီးသွားသည့်အခါ ဟိုတနေ့ကမှ ၀ယ်ထားသည့် crystal မှုန်လေးတွေဖြင့် တလက်လက်တောက်ပနေသော ငွေမှင်ရောင် Shoes လေးကို ယက်ကန်ယက်ကန်လုပ်နေတဲ့ ခြေထောက်လေးတွေနဲ့တော်အောင် ၀တ်ပေးရပြန်သည်။

အားလုံး၀တ်ပေးလို့ပြီးသွားပြီဆိုတော့မှ ပိုးရုံမှာ ဟင်းခနဲသက်ပြင်းချနိုင်သည်။

"Aigoo မာမီ့ကြိုးကြိုးလေး ချစ်ဖို့ကောင်းလိုက်တာ ..... ကြည့်ပါဦး ဒီဂါ၀န်လေးနဲ့ မင်္ဂလာဆောင်တော့မယ့် သတို့သမီးပေါက်စလေး ကျနေတာပဲ...."

အဖြူရောင်မွေးနေ့ဂါ၀န်ကားကားလေးရယ်၊ ငွေမှင်ရောင် shoes လေးရယ်နဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတဲ့ သမီးကိုကြည့်ရင်း ပိုးရုံ အသည်းယားလာတာကြောင့် သတိုးသမီးပေါက်စလေးနဲ့တူတယ်ဟု ပြောလိုက်မိလျှင် ယောရဲ့ အလိုမကျသည့် အကြည့်တစ်ချက်က သူမဆီသို့ ဒိုင်းခနဲရောက်ရှိလာသည်။

"ညလေးနော်.... သမီးကို ဘာတွေလျှောက်ပြောနေတာလဲ.... ကိုယ့်သမီးလေးက အခုမှ ၁နှစ်ပြည့်ရုံရှိသေးတယ်..... ဘယ်က သတို့သမီးပေါက်စနဲ့တူရမှာလဲ...."

"သတို့သမီးပေါက်စလေးနဲ့တူလို့ တူတယ်ပြောတာလေ.... သတို့သမီးပေါက်စလေးနဲ့မတူဘူးဆို ဘာနဲ့တူတာလဲပြော....."

"ဘာနဲ့တူရမှာလဲ မင်းသမီးလေးနဲ့ တူတာပေါ့.... မင်းသမီးတောင် ရိုးရိုးမင်းသမီးလေးမဟုတ်ဘူး..... ဒယ်ဒီ့သမီးလေးက ဘယ်မင်းသားလေးမှ မလိုဘဲ တစ်ကိုယ်ထဲ Solo တောက်ပမယ့် မင်းသမီးလေးနဲ့တူတာနော်....."

"အူး....."

ဟိုအဖေချစ်ကလေးကလဲ အဖေဖြစ်သူပြောသမျှ လိုက်ပြီးထောက်ခံနေလျှင် ပိုးရုံမှာ ထိုအကဲပိုသားအဖအား မျက်စောင်းပစ်မိသည်။

❤️ Love & Fortune ❤️Where stories live. Discover now