❤️ အပိုင်း 93 ❤️

7.8K 290 7
                                    

❤️ Love & Fortune ❤️

အပိုင်း 93

"ယော ဒီနေ့ နေ့လယ် ဆရာတော်ကျောင်းကို သွားလျှောက်ရမှာနော် ..... အချိန်အားအောင်လုပ်ထားဦး....."

"အွန်းပါ ညလေးရဲ့ .... ကိုယ် နေ့လယ်ပိုင်း schedule တွေ အကုန်ရှင်းထားပါ့မယ်....ညလေးကို ကိုယ်လာ​ခေါ်မယ်လေ.... ညလေး အဆင်သင့် ပြင်ထားလိုက်နော်....."

"အွန်းအွန်း .... neck tie ကြီးကလဲ စောင်းနေပြီ ကြည့်ဦး .... မိန်းမ မလုပ်ပေးတာနဲ့ဘဲ အဆင်ပြေအောင် မလုပ်တတ်တော့ဘူးလား......"

ယော အလုပ်သွားဖို့ neck tie ချည်နေတာကို ပိုးရုံ အိပ်ရာပေါ်ကနေ ထိုင်ကြည့်နေရင်းနဲ့ နေ့လယ် ဆရာတော်ကျောင်းကို သားလေးရှင်ပြုမယ့်အကြောင်း သွားလျှောက်ဖို့အတွက် ပြောနေတာဖြစ်၏။

ဒါပေမဲ့ မျက်လုံးထဲမှာ ယောတစ်ယောက် neck tie ကိုတောင် အဆင်ပြေအောင် မချည်တတ်တော့သည့်အခါ သူမပဲ ၀င်ပြီး လုပ်ပေးလိုက်ရသည်။

"အဟွန်း ဟုတ်သားပဲ .... ညလေးပဲ တောက်လျှောက်လုပ်ပေးနေတော့ ကိုယ်လဲ neck tie တောင် သေချာမချည်တတ်တော့ဘူး ..... "

"မိန်းမတန်ဖိုးကို သိပြီလား...."

"သိပါ့ဗျာ.... သိတာမှ သိသိသိသိနဲ့ကို မြည်နေလို့ .... ကိုယ်က မိန်းမကို ချစ်မ၀ဖြစ်နေရတာ .... "

ယောက ပြောပြီးတာနဲ့ သူမကိုယ်လေးကို တင်ပါးမှ ပင့်ပြီး ချီမြှောက်လိုက်လျှင် ပိုးရုံ
အလန့်တကြားဖြင့် ယောရဲ့ လည်တိုင်ကို ဆွဲဖက်လိုက်မိသည်။

"ယောနော် ဘာလုပ်တာလဲ အောက်ကိုပြန်ချပေး ပြုတ်ကျတော့မယ် ...."

"ချစ်လို့လေ...."

"ချစ်တာက ကြည့်ကျက်ပြီး ချစ်.... အသက်က 30 ကျော်နေပြီဟာကို ... မတော်လို့ ခါးကြောတွေဘာတွေ မျက်သွားရင် ဘယ်လိုလုပ်မလဲ ...."

"အခုညလေးက ကိုယ့်ကို အသက်ကြီးပြီလို့ ပြောနေတာလား ... "

"ဒါပေါ့ ... ယောက အဖိုးကြီး ဖြစ်နေပြီဟာကို...."

"အခုမှ အသက်က 30 စွန်းစွန်းလေး ကျော်သေးတာကို ဘယ်နေရာကအဖိုးကြီး ဖြစ်ရမှာလဲ ..... သူများတွေဆို အသက် 35 /40 မှ အိမ်ထောင်ပြုပြီး ဘ၀စကြတာလေ.....အဲ့လူတွေဆို ဘယ်လိုလုပ်မလဲ .... "

❤️ Love & Fortune ❤️Where stories live. Discover now