❤️ အပိုင်း 6 ❤️

14.8K 494 4
                                    

❤️ Love & Fortune ❤️

အပိုင်း 6

ခြိမ်းလေး ထမင်းစားခန်းထဲ၀င်လာတော့ ဒယ်ဒီက ထမင်းစားပွဲရဲ့ ထိပ်ဆုံးမှာ ထိုင်နေတာကြောင့် နှုတ်ခမ်းလေး ပွင့်ဟသည်အထိ အံ့အားသင့်သွားခဲ့ရသည်။

"ဒယ်ဒီပါ သားတို့နဲ့ ညစာအတူစားမှာလား ? "

ထမင်းစားခန်းအ၀တွင်ရပ်နေသော သားအား ယော ပြုံးပြလိုက်ကာ ....

"အွန်း ဟုတ်တယ် သားရဲ့ .... ဒယ်ဒီပါ သားတို့နဲ့ ညစာအတူစားမှာ.... ဘာလို့လဲ
ဒယ်ဒီက သားတို့နဲ့ ညစာအတူစားလို့ မဖြစ်ဘူးလား.... "

ဒီနေ့တနေကုန် ထူးဆန်းနေကြသည့် မိဘနှစ်ပါးကို တစ်လှည့်စီမော့ကြည့်မိပြီး ခြိမ်းလေး မျက်မှောင်ကျုံ့လိုက်မိသည်။

ဘယ်တုန်းကမှ မီးဖိုချောင်ထဲ မ၀င်ဖူးခဲ့သည့် မာမီက မီးဖိုချောင်ထဲ၀င်ကာ ညစာချက်ခဲ့ပြီး ဘယ်တုန်းကမှ မိသားစုနဲ့အတူ ညစာမစားဖူးခဲ့သည့် ဒယ်ဒီကပါ အခု ညစာအတူတူစားဖို့ ရောက်နေခဲ့သည်။

မာမီ နဲ့ ဒယ်ဒီ နှစ်ယောက်လုံး ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ။

ခြိမ်းလေး လိုက်မမှီနိုင်တော့သော ထူးဆန်းမှုတွေနဲ့အတူ ထမင်းစားပွဲမှာ ၀င်ပြီးထိုင်လိုက်ရသည်။

"သား .... ဒါကလေ မာမီ​လုပ်ထားတဲ့ ၀က်ချိုချဥ်ကြော်လေး .... စားကြည့်ပါလား "

သားရဲ့ ထမင်းပန်းကန်ထဲသို့ ၀က်ချိုချဥ်လေး တစ်ဇွန်းကို ပိုးရုံ ခပ်ထည့်ပေးလိုက်တော့ သားက မော့ကြည့်လာတာကြောင့် ပိုးရုံ အသာပြုံးပြလိုက်သည်။

"အများကြီးစားနော် .... မာမီက သားအတွက်အများကြီးချက်ထားတာ.... ဒါလေးက Broccoli နဲ့ အမဲသားကြော်...သားငယ်ငယ်ကဆို Broccoli ကို အရမ်းကြိုက်တာလေ.... မာမီထည့်ပေးမယ်နော် "

ပြောပြောဆိုဆိုဖြင့် Broccoli လေးနဲ့ အမဲသားရောကြော်ထားတာလေး တစ်ဇွန်းကိုပါ ပိုးရုံ သားရဲ့ ပန်းကန်ထဲသို့ ထပ်ထည့်ပေးလိုက်သည်။

"တော်ပြီ မာမီ .... လိုတာကို သားဘာသားပဲ ထည့်စားလိုက်ပါ့မယ် .... မာမီ ထည့်ပေးချင်ရင် ဒယ်ဒီကိုပဲ ထည့်ပေးလိုက်ပါ "

❤️ Love & Fortune ❤️Where stories live. Discover now