❤️ အပိုင်း 80 ❤️

6.3K 329 8
                                    

❤️ Love & Fortune ❤️

အပိုင်း 80

အစကပြင်သစ်မှာ တစ်ပတ်လောက်နေမယ်ဆိုပြီး စိတ်ကူးခဲ့ပေမယ့် ယောရဲ့ ဆောက်လုပ်ရေးဆိုက်တစ်ခုမှာမတော်တဆဖြစ်ရပ်တစ်ခုဖြစ်ခဲ့တာကြောင့် သူမတို့မိသားစု ရန်ကုန်ကို အားချင်းပြန်လာခဲ့ရသည်။

ပိုးရုံကြားထားတာကတော့ အထိအခိုက်များတဲ့အပြင် လူ​ေသဆုံးမှုတောင် ဖြစ်တယ်ဆိုလားပဲ။

အဲ့တာကြောင့် ဒီကိုပြန်ရောက်ထဲက ယောတစ်ယောက် အဲ့ဒီကိစ္စတွေကို လိုက်ဖြေရှင်းနေရတာနဲ့ပဲ ညဆိုလဲ တော်တော်ကြီးနောက်ကျမှ ပြန်လာနိုင်သည်။ မနက်ဆိုလဲ အစောကြီးအိပ်ရာမှ ထသွားရသည်။

ကလေးတွေကတောင် သူတို့ ဒယ်ဒီကို မေးနေကြပြီဖြစ်သည်။ ပိုးရုံလဲ တတ်နိုင်သလောက် ၀င်ပြီးကူညီချင်ပေမယ့် အခုဟာက ကိုယ်ဘာမှ မတတ်နိုင်တဲ့အရာဖြစ်နေသည်။

ထို့ကြောင့် ပြဿနာတွေအမြန်ဆုံးဖြေရှင်းသွားနိုင်ပြီး ယောတစ်ယောက်အဆင်ပြေဖို့ကိုပဲ သူမအနေနဲ့ မျှော်လင့်မိသည်။

"မမလေး မုန့်လေးတွေရနေပြီ .... မျိုးမျိုး ထုတ်လိုက်ရတော့မလားဟင်..."

မျိုးမျိုးအသံကြားတော့မှ ပိုးရုံ အတွေးလွန်နေရာကနေ အသိပြန်၀င်လာသည်။

"အေးအေး ထုတ်လိုက်တော့ မျိုးမျိုး "

"ဟုတ်မမလေး "

မျိုးမျိုးက အရုပ်လက်ကိုင်လေးနဲ့ oven ထဲမှ မုန့်ဗန်းလေးကို ထုတ်လာလျှင် ပိုးရုံ တစ်ချက်လှမ်းကြည့်လိုက်သည်။ Egg Tart လေးတွေက မြင်ရုံနဲ့တင် စားချင်စဖွယ်ဖြစ်နေပြီး အနံ့လေးကလဲ မွှေးကြိုင်နေသည်။

"ဟီး မုန့်လေးတွေက စားချင်စရာလေးတွေနော် မမလေး .... "

"နင် စားချင်နေပြီမဟုတ်လား....."

"မမလေး လုပ်တဲ့မုန့်တိုင်း မျိုးမျိုးတို့ သွားရည်မကျတာ ဘယ်နှခါရှိလို့လဲ မမလေးရဲ့ ..... "

"ခဏလေး ငါ ယောအတွက် အရင်ဖယ်လိုက်ဦးမယ်.... ပြီးရင် ကလေးတွေစားဖို့ ထည့်ပြီး ကျန်တာကို နင်တို့ညီအစ်မ မျှစားလိုက်ကြတော့.... ဟုတ်ပြီလား....."

❤️ Love & Fortune ❤️Where stories live. Discover now