🚨 အပိုင်း 18 🚨

21.9K 487 7
                                    

🚨 Love & Fortune 🚨

အပိုင်း - 18

Seongsan Ilchulbong ကနေ ပိုးရုံတို့ ပြန်လာတော့ မိုးပင် အတော်ချုပ်နေပြီဖြစ်၏။

ညစာကိုတော့ ဟိုတယ်ပြန်ရောက်မှပဲ ဟိုတယ်က restaurant တစ်ခုမှာ သူမတို့မိသားစုစားဖြစ်ခဲ့ကြသည်။

ညစာစားပြီးတဲ့နောက် သူမတို့ သားအမိက ကိုယ့်အခန်းကိုယ်ပြန်လာခဲ့ကြပြီး သူကတော့ project ထဲ ပါ၀င်ထားကြသည့်လုပ်ငန်းရှင်တွေနဲ့ အလုပ်ကိစ္စအကြောင်း​ဆွေးနွေးရန် နောက်တစ်၀ိုင်းကို ထပ်ဆက်ရသည်။

သားနဲ့ သူမတို့ရဲ့ အခန်းရှေ့ရောက်တော့ ပိုးရုံ သားလေးကို ကြည့်ကာ ......

"သား အခန်းထဲရောက်တာနဲ့ ရေကို တန်းမချိုးနဲ့ဦးနော်.... ရေလေးတစ်ခွက်အရင်သောက်ဦး.... ပြီးမှ ရေချိုးနော်....
ရေချိုးရင်လဲ ရေနွေးနွေးလေး စပ်ချိုးနော် .... မဟုတ်ရင် ရေချိုးတာတောင် မလန်းဘဲ ပိုနွမ်းသွားလိမ့်မယ်.....
ဒီနေ့တနေကုန် မာမီတို့ လျှောက်လည်ထားကြတာဆိုတော့ အ​ကြောအချဥ်တွေပြေသွားအောင် ရေနွေးနွေးလေးထဲ ခဏစိမ်နေလိုက်....အကြာကြီးလဲ မချိုးနဲ့ဦးနော်သား.... အအေးမိပြီး ဖျားသွားလိမ့်မယ်...."

သူ့ကို စိတ်ပူပြီး တစ်ခုပြီးတစ်ခုမှာတမ်းခြွေနေသော မာမီကို ကြည့်ကာ ခြိမ်းလေး ကြည်သာစွာ ပြုံးလိုက်မိသည်။

ထို့နောက် မာမီစိတ်ကျေနပ်စေရန် မာမီမှာတမ်းခြွေတာတွေအားလုံးကို သူ ခေါင်းလေးငြိမ့်ပြကာ နားထောင်ခဲ့မိသည်။

မာမီကို နှုတ်ဆက်ပြီးတာနဲ့ ခြိမ်းလေး ကိုယ့်အခန်းဆီ ကိုယ်ပြန်၀င်လာကာ မာမီပြောသည့်အတိုင်း ရေမချိုးခင် ရေတစ်ခွက် အရင်သောက်လိုက်၏။

ပြီးမှ မွေ့ရာပေါ် တင်ပုလွေခွေလေးထိုင်လိုက်ပြီး ဒီနေ့ သူတို့ မိသားစုအတူ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးကို သူ့ ဖုန်းရဲ့ wallpaper အဖြစ် change လိုက်သည်။

ဖုန်းရဲ့ wallpaper လေးကို တစိမ့်စိမ့်ကြည့်ကာ ခြိမ်းလေး အသာပြုံးလိုက်မိသည်။

သူရယ် မာမီနဲ့ ဒယ်ဒီရယ် ပျော်စရာကောင်းတဲ့ မိသားစုဘ၀လေးဟု တွေးလိုက်မိတော့ ခြိမ်းလေး နှုတ်ခမ်းတွေ အပေါ်ကို တွန့်ကွေးတက်သွားရ၏။

❤️ Love & Fortune ❤️Where stories live. Discover now