အပိုင်း ၁၀၀၁ - ၁၀၀၅

1K 55 0
                                    


အပိုင်း (၁၀၀၁) သတ်သေခြင်းဒိုဂျို

     “ကျေးဇူးတင်ပါတယ် ညီအစ်ကိုချင်နန်"
    ချန်ပူဟိုင်  ပြတ်သား‌သော မျက်နှာထားဖြင့် ပြောလိုက်သည်။

     “လာ…လိုဏ်ဂူထဲသွားရအောင်"
    ချင်နန် မြေပြင်မှ ထလိုက်သည်။ သူဒဏ်ရာမှ မသက်သာသေးသည့်တိုင် ၎င်းမှာ သူ့အတွက် ကိစ္စကြီးတစ်ခုမဟုတ်ပေ။

    လိုဏ်ဂူထဲ…

    ချန်ပူဟိုင်နှင့် အခြားသူများ ရှုပ်ထွေးသွားကြပြီး အထဲသို့ ချင်နန်၏ နောက်မှ လိုက်လာကြသည်။

    လိုဏ်ဂူထဲသို့ရောက်လာသောအခါ သူတို့ အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့သည် တားမြစ်အော်ရာ၏ စွမ်းရည်များကို သူတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသည်။

     သို့သော်လည်း ခြစ်ရာထိခိုက်ရာ အနည်းငယ်ရှိရုံမှတစ်ပါး လိုဏ်ဂူသည် လုံးဝအကောင်းအတိုင်းရှိနေပြီး ရှေးဟောင်းအလောင်းသည် ဘာမှမဖြစ်သကဲ့သို့ ထိုနေရာ၌သာ ထိုင်နေသည်။

      “ငါထင်ထားတဲ့အတိုင်းပဲ"
   ချင်နန် ဆိုင်းဘုတ်ကိုကြည့်လိုက်ပြီး သူ၏ မျက်လုံးများ အရောင်လက်သွားသည်။

     “ဆိုင်းဘုတ်ပေါ်က စာလုံးတွေက တဖြည်းဖြည်းပျောက်နေတယ်…စာလုံးတွေ လုံးဝပျောက်သွားတာနဲ့ ငါတို့ နောက်တစ်ဆင့်ကို  တက်နိုင်လိမ့်မယ်"
     အခြားသူများသည်လည်း ဆိုင်းဘတ်ပေါ်မှ စာလုံးများ၏ အပြောင်းအလဲကို မြင်ကြသည်။

    “ဒါက စမ်းသပ်မှုတစ်မျိုးလား"
  ချန်ပူဟိုင် ပြောလိုက်၏။

   ချင်နန် ခေါင်းညိတ်လိုက်၏။

    အနီရောင်ရောင်ခြည်တန်းဆယ်ခု၊ မြေပုံများနှင့် အင်မော်တယ်နတ်ဆိုးလိုဏ်ဂူထဲမှ အရာအားလုံးသည် စမ်းသပ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

       အကယ်၍ ထိုအချက်များကို နားမလည်ပါက စမ်းသပ်မှုကို ကျရှုံးလိမ့်မည်ဖြစ်သည်။

     “စာလုံးတွေက  သုံးနာရီနေရင် ပျောက်သွားလိမ့်မယ်…ခုကျင့်ကြံရအောင်"
     ချင်နန် ပြောလိုက်ပြီး မြေပြင်ပေါ်တင်ပျဉ်ခွေထိုင်၍ ဈာန်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now