၁၂၄၆ - ၁၂၅၀

375 31 0
                                    


အပိုင်း (၁၂၄၆) ကောင်းကင်ကံကြမ္မာအဘွားအို

      “ဟမ်…ဒါဘာလဲ"
      ချင်နန် အံ့ဩသွားသည်။

     အော်ရာသည် ယခင်က သူ ကြုံဖူးသည့် မည်သည့်သိုင်းဘုရင်ထက်မဆို များစွာသာလွန်သည်။

      “ဟား…ဟား…ဟား…မင်းကိုယ်မင်း သန်မာတယ်လို့ ထင်နေတာလား…မင်းအခုသေရတော့မယ်"
     ရုပ်တုသုံးခု ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူတို့၏ မျက်လုံးများထဲ၌ အထင်သေးမှုများ အပြည့်ရှိနေ‌သည်။
   
     ရှေးဟောင်းပန်းချီကားချပ်ကို အသက်သွင်းသောကြောင့် သူတို့ အကျိုးဆက်များ ရင်ဆိုင်ရမည်ဖြစ်သည့်တိုင် သူတို့ ဤလူသားကို ရှင်းပစ်နိုင်သ၍ ထိုက်တန်ပေသည်။

     ဝှစ်…

     နန်းတော်ကို လေပြင်းတစ်ခု တိုက်ခတ်သွားသည်။

     ရှေးဟောင်းပန်းချီကားချပ်မှ တောက်ပသော အဖြူရောင်အလင်းထွက်ပေါ်လာသည်။
      အဖြူရောင်အလင်းထဲမှ ခါးကုန်းကုန်းပုံရိပ်တစ်ခု ဖြည်းလေးစွာ ထွက်လာသည်။ သူမ၏ တည်ရှိမှုသည် ဤနေရာကို အေးခဲသွားစေသကဲ့သို့ပင်ဖြစ်သည်။

      “ဒါ…ကောင်းကင်ကံကြမ္မာအဘွားအိုလား"
      ချင်နန် ၎င်းကို ကြည့်ကာ ထူးဆန်းသော မျက်နှာထားဖြင့် ဖြစ်သွားသည်။
      ရုပ်တုသုံးခု၏ နောက်ဆုံးဝှက်ဖဲသည် ပန်းချီကားချပ်ထဲမှ ကောင်းကင်ကံကြမ္မာအဘွားအိုကို ဆင့်ခေါ်ခြင်းဖြစ်လိမ့်မည်ဟု သူလုံး၀မထင်ခဲ့ပေ။
      သူကောင်းကင်ကံကြမ္မာအဘွားအိုနှင့် အရမ်းမရင်းနှီးသော်လည်း သူမသည် သိုင်းကံကြမ္မာနန်းဆောင်နှင့် အတော်လေးရင်းနှီးသည်။
       ထို့ပြင် သူမသည် ခွေးနှစ်ကောင်နှင့် ကြွက်တစ်ကောင် သူ့အား အညံ့ခံခြင်းအပေါ် တိတ်တဆိတ်လက်ခံခဲ့သောကြောင့် သူမ သူ့ကို အန္တရာယ်ပေးစရာအကြောင်းမရှိပေ။

      “နှုတ်ခွန်းဆက်ပါတယ်…ဝိညာဉ်သခင်"
     ရုပ်တုသုံးခု အလွန်လေးစားသော မျက်နှာထားဖြင့် ဒူးတစ်ဖက်ထောက်ကာ လက်သီးစု၍ ပြောလိုက်သည်။
       ဝိညာဉ်သခင်သည် ကောင်းကင်ကံကြမ္မာမျိုးနွယ်စုထဲ၌ အဆုံးစွန်သော တည်ရှ်ိမှုဖြစ်ပြီး သူ၏ အဆင့်အတန်းမှာ ကောင်းကင်ကံကြမ္မာမျိုးနွယ်စုခေါင်းဆောင်ထက်ပင် သာလွန်သည်။ သူမသည် ကောင်းကင်ကံကြမ္မာမျိုးနွယ်စုထဲ၌ အဆင့်အမြင့်ဆုံးဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now