၁၁၆၁ - ၁၁၆၅

328 36 1
                                    


အပိုင်း (၁၁၆၁) နောက်ထပ်ဘယ်သူလာမလဲ

      “သောက်ခွေးပဲ…သောက်ခွေးပဲ…ဒါပဲကွ…ဒါပဲ…သူက အဖွဲ့အစည်းကြီးသုံးခုက ဂျီးနီးယပ်တွေအားလုံးကို တစ်ယောက်တည်းနဲ့ စိန်ခေါ်နေတယ်…ဘယ်လောက်သတ္တိရှိလိုက်လဲ…ဒါက အစစ်အမှန်ယောကျာ်ားတစ်ယောက်ပဲကွ…မင်းတို့ငါ့အစ်ကိုကို မြင်လား…အဲဒါငါ့အစ်ကိုကွ"
     စင့်မာခေါင်၏ မျက်နှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး  ဂွန်ယောင်၏ လက်မောင်းကို ဆုပ်ကိုင်၍ လှုပ်ခါနေသည်။

     ဂွန်ယောင်ဆွံ့အသွားသည်။
     ဟုတ်ပါတယ်…သူက မင်းအစ်ကိုပါ…ဒါပေမဲ့ သူက ငါ့ညီကောမဟုတ်ဘူးလား...

     သို့သော်လည်း…
     ဂွန်‌ယောင်သည် ဒိုဂျို၏ ‌အလယ်တွင်ရှိသော ချင်နန်ကိုတစ်ချက်ကြည့်ပြီးနောက် တုန်လှုပ်သွားသည်။

       သူသည် ချင်နန်ကို ဆန့်ကျင်ဘက်နည်းလမ်းအတိုင်းလုပ်ရန် တောင်းပန်ခဲ့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ချင်နန်၏ ရဲရင့်မှုသည် သူ၏ သွေးများကို  ဆူပွက်လာစေခဲ့သည်။

     အဖွဲ့အစည်းကြီးသုံးခုမှ အကြီးအကဲများနှင့် တပည့်များသည် တိတ်ဆိတ်နေပြီးနောက်…

     ထို့နောက် သူတို့ဝါးလုံးကွဲရယ်ချလိုက်သည်။

     “ဟား…ဟား…ဟား…သူက ငါတို့အားလုံးကို တစ်ယောက်တည်းနဲ့ စိန်ခေါ်နေတာလား"

     “ဟဲ…ဟဲ…ဒါကအရမ်းရယ်စရာကောင်းလိုက်တာ.သေဖို့အရမ်းစိတ်အားထက်သန်နေတဲ့လူကို ငါတစ်ခါမှ မတွေ့ဖူးဘူး"

      “ဟား…ဟား…နဂါးအင်ပါယာကလန်က ရူးနေတာများလား…သူက ဒီငတုံးကို လွှတ်ပေးတယ်ပေါ့"

     “သူဘာပြောနေလဲဆိုတာ သူမသိဘူး…သူသေချင်နေတာပဲ"

     အကြီးအကဲများနှင့် တပည့်များ၏ မျက်နှာထက်၌ အထင်သေးလှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

      ချင်နန်၏ စွမ်းအားမှာ အတော်လေးထူးခြားသော်လည်း ဤနေရာသို့ လာခဲ့သည့် အဖွဲ့အစည်းကြီးသုံးခုမှ ဂျီးနီးယပ်များမှာ နတ်ဘုရားအဆင့်မှ ဖြစ်သည်။ နောက်ထပ်အနေဖြင့် သူတို့ကို နတ်ဘုရားအဆင့်ပေါ်တွင် သာမန်ဟု သတ်မှတ်နိုင်သည်။
        တူညီသော ကျင့်ကြံမှုအဆင့်၌ ထိပ်ဆုံးနှစ်ဆယ်ထဲမှ ပြိုင်ဘက်ကင်းဂျီးနီးယပ်များပင် သူတို့အားလုံးကို စိန်မခေါ်ရဲပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now