၁၂၅၆ - ၁၂၆၀

391 35 0
                                    


အပိုင်း (၁၂၅၆) ဓားနတ်ဘုရားနှင့်အတူ

      “အိုး…စီနီယာ ဒီလိုဆို ကျုပ်ရဲ့ ဒဏ်ရာတွေကို အရင်သွားကုလိုက်ဦးမယ်"
     နေလဓားနတ်ဘုရား၏ စကားကိုကြားသောအခါ ချင်နန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် နေလဓားနတ်ဘုရားကို လက်သီးစုကာ လေးစားမှုပြပြီးနောက် အလျင်အမြန် ကံကြမ္မာနှင်းကန်သို့ ထွက်သွားသည်။
    ကန်မှာ သိပ်မကြီးသော်လည်း စွမ်းအင်များ ပေါကြွယ်၀သည်။ ၎င်းသည် ဖြည်းလေးစွာဖြင့် ဒဏ်ရာများကို ကုသနေသည်။
      ထို့ပြင် သိုင်းသစ်ပင်နှစ်ပင်ပေါ်က တာအိုအမှတ်အသားများမှာလည်း ဖျက်ဆီးခြင်းစိတ်ဆန္ဒနှင့် စစ်နတ်ဘုရားစိတ်ဆန္ဒတို့ ထုတ်လွှတ်နေသည်။ ၎င်းတို့သည် ချင်နန်၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေပြီး သူ၏ဒဏ်ရာများကို လျင်မြန်စွာ ပြန်သက်သာလာစေသည်။

     အချိန်တဖြည်းဖြည်း ကုန်လွန်နေသည်။
     ခြောက်ရက်မြောက်နေ့၌ သူ၏ တင်းကျပ်စွာပိတ်ထားသောမျက်လုံးများ ပွင့်လာသည်။ သူ၏ ဒဏ်ရာများ လုံး၀ပျောက်ကင်းသွားပြီဖြစ်သည်။

       “ဟမ်…ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေက ပျောက်တာမြန်လှချေလား…ဒဏ္ဍာရီထဲက ဒီတာအိုအမှတ်အသားတွေက တကယ်ကို စိတ်၀င်စားစရာပဲ"
      နေလဓားနတ်ဘုရား ချင်နန်၏ တည်ရှိမှုကို ခံစားရသောအခါ အနည်းငယ်ခေါင်းမော့၍ ကြည့်လိုက်သည်။
      “မင်းပြီးပြီဆိုတော့ ကြယ်ပြိုင်နန်းတော်ကို သွားပြီး ဘေးဆိုးတောအုပ်နဲ့ ဆက်စပ်တဲ့ တာ၀န်တစ်ခုကို မြန်မြန်သွားလက်ခံလိုက်…အဲဒီကို ငါ့ရဲ့ ကိုယ်ပွား မင်းနဲ့ လိုက်လိမ့်မယ်"

      “ဗျာ"
     သူအံ့အားသင့်သွားခြင်းမှာ သူတို့၏ ဦးတည်ရာကြောင့်မဟုတ်ဘဲ ‘ငါ့ကိုယ်ပွား မင်းနဲ့ လိုက်လိမ့်မယ်'ဟုသော စကားကြောင့်ဖြစ်သည်။
     နေလဓားနတ်ဘုရားသည် သိုင်းနတ်ဘုရားအဆင့်ကျွမ်းကျင်သူဖြစ်ပြီး ကန်းလန်ကုန်းမြေတိုက်ကြီး၏ အသန်မာဆုံးကျင့်ကြံသူများကြားထဲမှ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

      သူ၏ ကိုယ်ပွားပင် အလွန်အစွမ်းထက်သည်။
      အစက နေလဓားနတ်ဘုရားသည် သူ့အား ကန်းလန်သစ်ပင်အပိုင်းအစ ရှာနိုင်မည့်နေရာကိုသာ ပြောပြပြီး သူ့ဘာသူ သွားရှာခိုင်းမည်ဟု ထင်ထားခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now