1746 - 1750

219 24 0
                                    

အပိုင်း (၁၇၄၆) ရုတ်တရက်အန္တရာယ်

    ရှူလိုင်၏ စကားကိုကြားသောအခါ ချင်နန်အတော်လေးစိတ်သက်သာရရသွားသည်။
    အကယ်၍အလွှာတစ်သောင်းအင်မော်တယ်နန်းဆောင်တွင် သူ ရှာနေသည့် အင်မော််ကောင်းချီးအရင်းအမြစ်သုံးခုနှင့် ပတ်သက်သော သတင်းအချက်အလက်မရှိပါက သူ၎င်းတို့ကို မည်သည့်နေရာတွင် သွားရှာရမည်ဖြစ်ကြောင်းမသိပေ။

        “ကျုပ်သူတို့ရဲ့ သတင်းအချက်အလက်ကို ဘာနဲ့ကုန်သွယ်ရမလဲ"
     ချင်နန် သူ၏ အတွေးများကိုစုစည်းပြီးနောက် မေးလိုက်သည်။

      “အင်မော်တယ်ကောင်းချီးအရင်းအမြစ်တွေက ဘယ်လောက်အဖိုးတန်လဲဆိုတာကို မင်းသိမှာပါ…မျက်လုံးရှစ်လုံးယင်ယန်ပန်းနဲ့ ‌အင်မော်တယ်ပုန်ကန်ခြင်းသစ်ပင်က တစ်နေရာထဲမှာရှိတယ်…ဒါကြောင့်မလို့ မင်းအတွက်အတော်လေးအဆင်ပြေလိမ့်မယ်"
    ရှူလိုင် အပြုံးဖြင့်ပြောလိုက်သည်။

     “အလွှာတစ်သောင်းအင်မော်တယ်နန်းဆောင်မှာ အပေးအယူက အပေးအယူပဲ…ဒါကြောင့်မလို့ ငါတို့ မင်းကိုရိုးရိုးသားသားပဲပြောပြမယ်…အဓိပတိနှလုံးသားသစ်သီးက ဘယ်မှာလဲဆိုတာ သိပေမဲ့ မင်းအဲဒါကိုရပါမယ်လို့ အာမမခံဘူး"
       ရှူလိုင် ထပ်ပေါင်းထည့်ကာပြောလိုက်သည်။
    “ အဆုံးမှာတော့ အဓိပတိနှလုံးသားသစ်သီးက တခြားအင်မော်တယ်ကောင်းချီးအရင်းအမြစ်တွေလိုမဟုတ်ဘူး…ဒါကအရမ်းထူးခြားပြီးအရမ်းရှားတယ်…ကိုးကောင်းကင်အဓိပတိတချို့တောင် စိတ်၀င်စားကြတယ်"

    ချင်နန် ခေါင်းညိတ်လိုက်၏။ သူသည် အဓိပတိနှလုံးသားသစ်သီးအကြောင်းကို လေ့လာပြီးသားဖြစ်သည်။ ၎င်းကို အသုံး၀င်ပုံမှာ ရိုးရှင်းသည်။
      ၎င်းထဲတွင် အလွန်သန့်စင်သော တာအိုစွမ်းအင်နှင့် ကိုးကောင်းကင်အဓိပတိအဆင့်၏ စိတ်ဆန္ဒအရိပ်အငွေ့ပါသည်။
    အကယ်၍ ကိုးကောင်းကင်အဓိပတိတစ်ယောက်သာ ၎င်းကိုသန့်စင်လိုက်ပါက ယင်းသည် ထိုလူ့ကို ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းစေရုံသာမက အဆင့်ချိုးဖျက်အောင်ပင် ကူညီပေးနိုင်သည်။

      “စီနီယာရှူလိုင်…တန်ဖိုးက ဘယ်လိုလဲ"
      ချင်နန် မေးလိုက်၏။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now