၁၅၆၆ - ၁၅၇၀

318 38 0
                                    


အပိုင်း (၁၅၆၆) တိမ်တိုက်သားရဲကျောက်စိမ်း

       “စမ်းသပ်မှုကတစ်နာရီကြာမယ်…ကောင်းကင်နတ်ဘုရားအုပ်စုထဲမှာဖြစ်ဖြစ် မြေနတ်ဘုရားအုပ်စုထဲမှာဖြစ်ဖြစ် သက်ဆိုင်ရာတံခါးစောင့်စီကနေ တိမ်တိုက်သားရဲကျောက်စိမ်းနှစ်ခုရတဲ့သူက အမွေအနှစ်ကိုရလိမ့်မယ်"
      “တိုက်ပွဲအတွက် ‌နေရာက သီးခြားနေရာလွတ်အသစ်တစ်ခုပဲ…အချိန်ကျရင် ငါအဲဒီနေရာရဲ့မြေပုံကိုပေးမယ်"
      ခေါင်းမပါသော လူသည် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး ပြောလိုက်သည်။
       “ဒါပေမဲ့ စမ်းသပ်မှုကာလအတွင်းမှာ လူတိုင်းရဲ့ မျက်နှာနဲ့ အော်ရာကိုဖုံးကွယ်ထားမယ်…ဘယ်သူက ဘယ်သူမှန်းသိဖို့မဖြစ်နိုင်ဘူး"

      ထိုစကားများကြားချိန်၌ လူများစွာ စိတ်သက်သာရာရသွားသည်။
     အကယ်၍ သူတို့မည်သူဖြစ်ကြောင်းကို မကွယ်ဝှက်ပေးထားပါက သူတို့သည် တံခါးစောင့်များအဖြစ် အရွေးမခံရလျှင်ပင် ကျောက်စိမ်းများအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် လူများစွာကို အပြစ်ပြုမိလိမ့်ဦးမည်ဖြစ်သည်။

       “ငါစည်းမျဉ်းတွေကို အသေးစိတ်မရှင်းပြတော့ဘူး…မင်းတို့ဘာ မင်းတို့ပဲ ကြည့်လိုက်ကြ…စမ်းသပ်မှုက နောက်အသက်ရှိုက်တစ်ရာနေရင်စမယ်"
      ခေါင်းမပါသောလူ ပြောလိုက်သည်။ သူသည် သူ၏ လက်ကိုဖြည်းလေးစွာမြှောက်၍ လူတိုင်း၏ ခေါင်းထဲသို့ လျှို့ဝှက်ဆန်းကြယ်သောအလင်းတန်းရာကျော် ပစ်လွှတ်လိုက်သည်။

      သူတို့၏ စိတ်ထဲတွင် မြေပုံအသစ်တစ်ခုနှင့် သတင်းအချက်အလက်များစွာ ပေါ်ပေါက်လာသည်။

     ချင်နန်သည် စည်းမျဉ်းများကို စစ်ဆေးလိုက်ချိန်၌ ရုတ်တရက်သူ၏ စိတ်ထဲတွင် ခေါင်းမပါသော လူ၏ အသံထွက်‌ပေါ်လာသည်။
      “ကျင့်ကြံသူ…ကျုပ်တို့က မင်းကို မြေနတ်ဘုရားအုပ်စုရဲ့ တံခါးစောင့်အဖြစ်ရွေးချင်တယ်"

     ချင်နန် အံ့ဩသွားသည်။ သူသည် ကမ်းလှမ်းချက်ကို ချက်ချင်းငြင်းပယ်ရမည့်အစား မေးလိုက်သည်။
       “တကယ်လို့ ‌ကျုပ်ကျောက်စိမ်းကို အောင်အောင်မြင်မြင်ကာကွယ်နိုင်ရင် ဘာရမှာလဲ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now