၁၀၈၆ - ၁၀၉၀

382 34 0
                                    


အပိုင်း (၁၀၈၆) အဆုံးသတ်

      နဂါးနက်ခေါင်းဆောင်နှင့် ကျင့်ကြံသူများ တုန်လှုပ်သွားသည်။

    နာယကများ၊ ဧကရာဇ်နှင့် အခြားသူများလည်း ထိတ်လန့်သွားသည်။

      တော်၀င်မြို့ထဲမှ ကျင့်ကြံသူများသည်လည်း ချင်နန်၏ စကားကိုကြားပြီးနောက် စိတ်နှင့်ကိုယ်နှင့် ကင်းကွာသွားသည်။

      ချင်နန်သည် ချန်းကျိလိုင်ကို တိုက်ရဲစိန်ခေါ်ရဲလိမ့်မည်ဟု သူတို့ လုံး၀မထင်ခဲ့ပေ။

    အထူးသဖြင့် ပျော်ရွှင်နေသော ပိုင်လင် ရေအေးတစ်ပုံးနှင့် လောင်းချခံလိုက်ရသကဲ့သို့ တောင့်တောင့်ကြီးဖြစ်သွားသည်။
      ချင်နန်၏ တုံ့ပြန်မှုမှတစ်ဆင့် သူ၏ အဆင့်အတန်းသည် သူမ မျှော်မှန်းထားသည်ထက် ပို၍ကြောက်ဖို့ကောင်းကြောင်းကို သူမပြောနိုင်သည်။
  
      “မင်းနားလည်မှုလွဲနေပြီ…အမှားလုပ်ခဲ့တာ ဧကရီပဲ…ဒါကြောင့်မလို့ ကိုယ့်ရဲ့ အမှားအတွက် ပေးဆပ်ရလိမ့်မယ်…မင်းသူ့ကို သက်ညှာပေးတာကိုပဲ ငါအရမ်းကျေးဇူးတင်နေပါပြီ"
      ချန်းကျိလိုင် ခေါင်းခါယမ်းလိုက်ပြီးနောက် ပိုင်လင်ကိုကြည့်ကာ ပြောလိုက်သည်။
     “ကိုယ့်ဘာကိုယ်ပဲလုပ်လိုက်ပါ"

      သူသည် ဗုဒ္ဓလမ်းစဉ်လျှောက်လှမ်းသည့် ကြင်နာတတ်သော လူဖြစ်သည့်တိုင် လူသားများ၏ အပြစ်များအား ခွင့်လွှတ်ပေးမည်ဟု မဆိုလိုပေ။
     ပိုင်လင်၏ ခန္ဓာကိုယ်ပေါ် ဖုံးလွှမ်းနေသည့် ဗုဒ္ဓအလင်းပျောက်ကွယ်သွားပြီးနောက် သူမ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်နိုင်သွားသည်။

      “နင်.…"
     ပိုင်လင်၏ ခန္ဓာကိုယ်တုန်ခါနေကာ ချန်းကျိလိုင်ကို လက်ညှိုးထိုးရင်း အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်ဘဲ ဖြစ်နေသည်။
    အဆုံး၌ သူမ အံကြိတ်၍ သူမ၏ ဒန်တျန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သိုလှောင်ထားသော စွမ်းအင်များ ပေါက်ကွဲပျက်စီးသွားသည်။
     သူမ နာကျင်စွာအော်လိုက်ပြီးနောက် သတိလစ်သွားသည်။

     “ကျုပ်ခင်ဗျားကိုကူညီတာ ခင်ဗျားအပေါ် အကြွေးတစ်ခုတင်နေတာကြောင့်ပဲ…ဒီနေ့ကစပြီး ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် မပတ်သက်တော့ဘူး"
     ချန်းကျိလိုင် သူ၏ လက်ချောင်းအား လှုပ်ခတ်၍ ပိုင်လင်၏ ခန္ဓာကိုယ်ထဲ အလင်းတစ်ခုပစ်လွှတ်လိုက်သည်။
     ပိုင်လင်၏ ဒဏ်ရာများ အလျင်အမြန် ပြန်သက်သာလာသည်။
     ဗုဒ္ဓအလင်းသည် သူမ၏ ကျင့်ကြံမှုကို ပြန်မကောင်းစေသည့်တိုင် သူမ မရီးဒန်များနှင့် ဒဏ်ရာများကို ပြန်လည်ကုသပေးခဲ့သဖြင့် သူမ နောက်တဖန်ပြန်ကျင့်ကြံနိုင်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now