၁၃၃၁ - ၁၃၃၅

368 34 0
                                    


အပိုင်း (၁၃၃၁)လှိုင်းလေထန်ခြင်း

     အချိန်မြစ်ကြီးမှာ တဖြည်းဖြည်း စီးဆင်းနေသည်။

     လေးလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားသည်။
      ချင်နန်သည် ဘုရင်သိုင်းပညာများနှင့် နတ်ဘုရားသိုင်းပညာများကို နားလည်အောင် အပြည့်အ၀ အာရုံစိုက်ခဲ့သည်။
     တီကောင်လေး၏ လမ်းညွှန်မှုနှင့်အတူ သူသည် တိုက်ပွဲနဂါးသွေးကန်ဟုခေါ်သည့် နဂါးဝိညာဉ်နန်းတော်၏ အထူးနေရာတစ်ခုသို့ ရောက်လာခဲ့သည်။
       တိုက်ပွဲနဂါးသွေးကန်သည် ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးဘုရင်များစွာ၏ သွေးများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ၎င်းသည် ချင်နန်၏ ခန္ဓာကိုယ်နှင့် စွမ်းအားကို သန်မာစေရုံသာမက သူ၏ သိုင်းဘုရင်နှလုံးသားထဲမှ တိုက်ပွဲဆန္ဒများကိုလည်း သိသိသာသာတိုးတက်စေသည်။
     ချင်နန် တုံ့ဆိုင်းခြင်းမရှိပေ။ သူသည် နက်ရှိုင်းနတ်ဘုရားအပိုင်းအစများကိုမရှာဘဲ ချက်ချင်းပင် တိုက်ပွဲနဂါးသွေးကန်ထဲတွင် သွားရောက်ကျင့်ကြံလိုက်သည်။
       အဆုံး၌ နတ်ဘုရားဇာတာခွင်ပြိုင်ပွဲကျင်းပဖို့ ရှစ်နှစ်ကိုးနှစ်လောက်လိုသေးသည်။ လက်ရှိအချိန်တွင် သူ၏ ဦးစားပေးမှာ သူ၏ ကျင့်ကြံမှုကို တိုးတက်စေရန်ဖြစ်သည်။

       တီကောင်လေးနှင့် စင့်မာခေါင်သည် မကျင့်ကြံဘဲ နဂါးဝိညာဉ်နန်းတော်မှ ထွက်သွားကာ တားမြစ်နေရာမျိုးစုံကို ပတ်သွားနေသည်။

      ကျွမ်းစီတောက်၊ လောကအုပ်စိုးသူ၊ အဆုံးမဲ့သောကပင်လယ်၊ နှင်းဘုရင်မနှင့် တခြားသိုင်းဘုရင်များမှာမူ နဂါးဝိညာဉ်နန်းတော်၏ အနက်ပိုင်းထဲရောက်လာခဲ့သော်လည်း တစ်စုံတစ်ယောက်ယူသွားပြီးပြီဖြစ်သည့် အမွေအနှစ်များအများစုကိုသာ တွေ့လိုက်ရသည်။
     ကျန်ခဲ့သော ပစ္စည်းများမှာ ဘာမျှ အဖိုးတန်ခြင်းမရှိပေ။

     ထိုအချိန်၌ အဆင့်ဆယ့်ငါး လမင်းမြစ်လည်း ဖွင့်လိုက်သည်။
      ထို့ကြောင့် လူများသည် ချက်ချင်းပင် ထိုနေရာသို့ သွားလိုက်ကြသည်။

       ထို့ပြင် ရှန်ကျင့်ထျန်းနှင့် ရွှယ်ရှာတို့လူစုသည် သွမ့်ချင်းမည်သူဖြစ်ကြောင်း စုံစမ်းရန် များစွာကြိုးပမ်းခဲ့သည်။
      သို့သော်လည်း သူတို့ မည်သည့်အဖြေမျှ ပြန်မရလာခဲ့ပေ။ ယခုအချိန်၌ သူတို့၏ စိတ်ထဲမှ သတ်ဖြတ်ချင်စိတ်ကို သိမ်းထားရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိခဲ့ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now