1921 -1925

192 16 0
                                    

အပိုင်း (၁၉၂၁)

      ချင်နန် ခေါင်းညိတ်လိုက်၏။
    အလင်းတစ်ချက်နှင့်အတူ သူပျောက်ကွယ်သွားသည်။

    တစ်ခဏကြာသောအခါ သူ နေရှစ်လုံးနန်းဆောင်၏ ရှေ့သို့ရောက်လာသည်။

    နေရှစ်လုံးနန်းဆောင်တွင် အထပ်ငါးထပ်ပါသည်။
     နေရှစ်လုံးနန်းဆောင်တွင် ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အများအပြားရှိပြီး ပြိုင်ဘက်ကင်းအုပ်စိုးသူဆယ့်သုံးယောက်ရှိသည်။
     သူတို့ထဲတွင် တစ်ယောက်က ပြိုင်ဘက်ကင်းအုပ်စိုးသူ ကြီးမားသော  အောင်မြင်မှုအဆင့်ကိုရောက်နေပြီဖြစ်သည်။ ၎င်းသည် တကယ်ကိုသန်မာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

     “သခင်လေး ဒီကိုသတင်းအချက်အလက်အတွက် လာတာလား…ကိုယ့်ရဲ့ရန်သူကိုရှင်းပစ်ချင်လို့လား"
     ချင်နန် အထဲကိုဝင်သည်နှင့် ကျင့်ကြံသူတစ်ယောက်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

     “သတင်းအချက်အလက်အတွက် လာတာပါ"
    ချင်နန် သူ၏ အော်ရာကိုထုတ်ဖော်၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

       “နှုတ်ခွန်းဆက်ပါတယ်…စီနီယာအင်မော်တယ်အင်ပါယာ…ကျေးဇူးပြုပြီး အထဲကိုကြွပါ"
      ကျင့်ကြံသူသည် ချင်နန်ကို အလျင်အမြန် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။
     ပထမအင်မော်တယ်ဘုံမှတစ်ပါး တခြားအင်မော်တယ်ဘုံငယ်များတွင် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်သည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

     ချင်နန် စတုတ္ထထပ်သို့ တက်လာခဲ့သည်။

    ခဏကြာပြီးနောက် ငွေရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် အပြုံးဖြင့် ပေါ်လာသည်။

     “ကျုပ်က နေရှစ်လုံးနန်းဆောင်ရဲ့ ဒုခေါင်းဆောင်လင်းလုံယွမ်ပါ…မင်းကျုပ်ကို အဘိုးအိုလင်းလို့ခေါ်လို့ရပါတယ်"
     ချင်နန်ကိုကြည့်ကာ လင်းလုံယွမ်၏ မျက်လုံးများ တောက်ပနေသည်။
     “ကျုပ်သခင်လေးရဲ့ နာမည်ကိိုများ သိလို့ရမလား"

     ချင်နန် အေးဆေးစွာပြောလိုက်သည်။
     “ကျင့်ကြံသူလင်း…ကျုပ်ဒီကိုလာတာ သတင်းအချက်အလက်လာဝယ်တာပါ…ဒါကြောင့် ကျုပ်ကို ခင်ဗျားရဲ့ မျက်လုံးပညာရပ်မသုံးပါနဲ့…ပြီးတော့ ကျုပ်ဘယ်သူလဲဆိုတာလည်း မမေးပါနဲ့"
     လင်းလုံယွမ်သည် ပြိုင်ဘက်ကင်းအုပ်စိုးသူအစောပိုင်းအဆင့်ဖြစ်သည်။ ထို့ကြောင့် သူသည် ချင်နန်၏ သွင်ပြင်ကို မျက်လုံးပညာရပ်ဖြင့် အလွယ်တကူမြင်နိုင်သည်။
     နေရှစ်လုံးနန်းဆောင်၏ ထောက်လှမ်းရေးကွန်ယက်ဖြင့် ချင်နန်မည်သူဖြစ်ကြောင်းကို သူ အလွယ်တကူ ရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now