၁၄၈၆ - ၁၄၉၀

367 45 7
                                    


အပိုင်း (၁၄၈၆) အစပဲရှိသေးတယ်

     နတ်ဘုရားအဆင့်၏ စိတ်ဝိညာဉ်သည် စည်းမျဉ်းများကို အတင်းပြုပြင်ပြီးသွားပြီဖြစ်သည်။

     နတ်ဘုရားမွေးဖွားဇာတာခွင်ဆယ့်နှစ်ခုအတွက် သူတို့ဘာသာသူတို့ အလိုအလျောက်‌ပေါ်လာဖို့မဖြစ်နိုင်ပေ။

     ထိုနတ်ဘုရားမွေးဖွားဇာတာခွင်များသည် သူ၏ ထိန်းချုပ်မှုအောက်က မလွတ်သွားသ၍ဖြစ်သည်။

    ထိုအတွေးနှင့်အတူ နတ်ဘုရားအဆင့် စိတ်ဝိညာဉ်၏ မျက်လုံးများပြူးကျယ်သွားသည်။

     သိုင်းနတ်ဘုရားအထွတ်အထိပ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ပင် နတ်ဘုရားမွေးဖွားဇာတာခွင်များကို လွှတ်ပေးနိုင်စွမ်းမရှိပေ။

     ချင်နန် မည်ကဲ့သို့ လုပ်ခဲ့ပါသနည်း…

     သူ့မှာ မူလစွမ်းအားအပေါ် တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပစ္စည်းတချို့များရှိနေတာလား…

     “ချင်နန် ငါဘယ်လိုတန်ဖိုးပေးဆပ်ရပေးဆပ်ရ မင်းကို သတ်မယ်လို့ကျိန်တယ်"

     နတ်ဘုရားအဆင့် အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ သူ၏ နှလုံးသားထဲမှ သတ်ဖြတ်ချင်စိတ်များသည် အကန့်အသတ်ထိ ရောက်လာသည်။

      ချင်နန် ၎င်းကို မည်ကဲ့သို့ လုပ်ခဲ့ခြင်းက အရေးမပါပေ။ ချင်နန်၏ စွမ်းရည်များက အလွန်ကြောက်ဖို့ကောင်းသည်။ အကယ်၍ ဆက်ကြီးထွားခွင့်ပေးထားပါက ချင်နန်သည် သူနှင့် နတ်ဘုရားအဆင့်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

    ထိုသို့ဖြစ်လာပါက သူတို့နှစ်ယောက်လုံးအတွက် ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

      “နတ်ဘုရားအဆင့်တောင် ချင်နန်ကို မတားနိုင်ဘူးလား" 

     လော့ဟဘ်ဥယျာဉ်မှ သိုင်းဘုရင်များနှင့် အခြားအဖွဲ့အစည်းများသည် နတ်ဘုရားအဆင့်၏ စိတ်ဝိညာဉ် တိတ်ဆိတ်သွားသည်ကိုမြင်ချိန်၌ ခပ်ကြိတ်ကြိတ် ရေရွတ်လိုက်သည်။

      နတ်ဘုရားဇာတာခွင်ပြိုင်ပွဲ အဆုံးသတ်သွားသည်။

      “စီနီယာတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now