၁၃၀၁ - ၁၃၀၅

351 38 0
                                    


အပိုင်း (၁၃၀၁) ‌ထောင်လွှားသော

     ယခုအချိန်၌ အရင်ဆုံးသတိ၀င်လာသူမှာ ချင်နန်ဖြစ်သည်။

      “စင့်မာခေါင် ငါနဲ့ ကပ်နေ"
    ချင်နန် အော်လိုက်ပြီးနောက် ဖျက်ဆီးခြင်းစိတ်ဆန္ဒကို ပစ်လွှတ်ကာ စင့်မာခေါင်၏ ပုံရိပ်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူသည် မရပ်တန့်နိုင်သော ခြေလှမ်းများအား သုံးကာ ကြီးမားသော သားရဲအုပ်ထဲ လျင်မြန်စွာ ၀င်သွားသည်။

      “သွားစမ်း"
     ချင်နန် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာဖြင့်ရှေ့သို့ ပိုင်းလိုက်သည်။ ကြောက်မက်ဖွယ်ရာဆေဘာစွမ်းအင်များသည် သားရဲများကို ခုတ်ပိုင်းပြီးနောက် ချင်နန် သူတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ရှေ့တက်သွားသည်။
      တစ်ခဏကြာပြီးနောက် သူ ၀င်ပေါက်နှင့် ကျန်တစ်ထောင်လောက်သာ ဝေးတော့သည်။

       ယခုအချိန်၌ သူ၏ အဓိကရည်မှန်းချက်မှာ သွေးကြာပန်းကုန်းမြေထဲသို့ ၀င်ပြီး သေခြင်းပုံဆောင်ခဲကို ပြန်လည်ရယူရန်ဖြစ်သည်။

      “ဟမ်…အစွမ်းထက်လှချေလား"
    ကျင့်ကြံသူကိုးယောက်ထဲ၌ တူဒီ၏  မျက်လုံးထဲ အလွန်အံ့အားသင့်မှုများ ဖြစ်ပေါ်သွားသည်။
    အစက  သူသွမ့်ချင်းကို သိုင်းဘုရင်အဆင့်တစ်ဟုသာ ထင်ထားခဲ့သည်။ သို့သော်လည်း သူ၏ အစစ်အမှန်စွမ်းအားသည် ပုံမှန်သိုင်းဘုရင်အဆင့်ခြောက်တစ်ယောက်ထက် သာလွန်သည်။

     “ဒီကောင်က တကယ်အရမ်းအစွမ်းထက်တယ်…ဒါကြောင့်မလို့ ငါတို့ငါးယောက်ပေါင်းတိုက်တာတောင်မှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး…ငါတို့ သူ့ကိုသတ်ပြီး ချက်ချင်းဂူထဲ သွားသင့်တယ်"
     ဖေးဟုန်နှင့် ရှီအန်တို့ အလျင်အမြန်ပြောလိုက်သည်။

      သူတို့၏ ပတ်၀န်းကျင်၌ ကြောက်မက်ဖွယ်ရာမီးလျှံများနှင့် မိုးကြိုးများပြည့်နှက်လာသည်။

     “ကောင်းပြီ"
    တူဒီ ခေါင်းညိတ်ပြီးနောက် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။

     ထိုအချိန်၌ ကျယ်လောင်သော ပေါက်ကွဲမှုများ ဖြစ်ပွားသွားပြီး တောင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now