1761 - 1765

207 22 0
                                    

အပိုင်း (၁၇၆၁) ပြေး

    “ဘာ…ဘာဖြစ်တာလဲ"
     ကျင့်ကြံသူများ အံ့အားသင့်သွားသည်။

    “ဟား…ဟား…ကျူးကျီဟွမ်က တစ်ချိန်လုံး အစီအစဉ်ဆွဲထားတာပဲ…ချင်နန် အစတုန်းက အနိုင်ယူလိုက်တဲ့ ကျူးကျီဟွမ်က သူ့ရဲ့ မီးနဲ့ လုပ်ထားတဲ့ ကိုယ်ပွားတစ်ခုပဲ…အစွမ်းထက်မျက်လုံးပညာရပ်တောင် အဲဒါကိုမမြင်နိုင်ဘူး"
    နုံရန်မျိုးနွယ်စု၏ ပြိုင်ဘက်ကင်းအုပ်စိုးသူ ရယ်မောလိုက်သည်။

   ကျင့်ကြံသူများ ချက်ချင်းနားလည်သွားကြသည်။

   ကျူးကျီဟွမ်သည် သူ မုန်တိုင်းတိမ်စိုင်များ၏ အလယ်တွင်ရှိနေစဥ်တွင် မီးလျှံများနှင့် ကိုယ်ပွားတစ်ခုကို ဆင့်ခေါ်ခဲ့သည်။ သူ၏ အော်ရာအရ တခြားပြိုင်ဘက်ကင်းပါရမီရှင်လေးယောက်သည် သူတို့၏ စွမ်းအားတချို့အား သူ့ကို မျှဝေပေးခဲ့သည်။

    “ဒါကြောင့်မလို့ တိမ်စိုင်တွေက တစ်ခုခုထူးဆန်းပြီး မင်းတို့တွေက ငါထင်ထားတာထက် နည်းနည်းအားနည်းနေတယ်လို့ ခံစားရတာကိုး"
    ချင်နန် ပြောလိုက်သည်။
     သူ၏ မျက်လုံးထဲက မီးလျှံများ တစ်ဆထက်တစ်ဆသန်မာလာ၏။
     သူသည် ကျူးကျီဟွမ်၏ တိုက်ပွဲဗျူဟာကို အတော်လေးအံ့ဩသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲကသွေးများဆူလာသည်။

     “ချင်နန် ငါက ဒီပညာရပ်ကိုသုံးဖို့အတွက် ငါ့မွေးရာပါမီးမျိုးစေ့တစ်စိတ်တစ်ပိုင်းကိုစွန့်လွှတ်ပြီး အချိန်ယူ စွမ်းအားစုဆောင်းထားတာ"
     ကျူးကျီဟွမ် မိုးခြိမ်းသလိုအသံဖြင့်ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ခမ်းနားသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ကျင့်ကြံမှုအဆင့်နိမ့်ကျသော လူသားအင်မော်တယ်များနှင့် မြေအင်မော်တယ်များ၏ မျက်နှာများ ဖြူရော်သွားသည်။
    ချင်နန်၏ မျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများ ဖြစ်ပေါ်သွားသည်။

    သူသည် ကျူးကျီဟွမ်ကိုင်ထားသော ဆေဘာနှစ်လက်ထဲတွင် သူ၏ စစ်နတ်ဘုရားမျက်လုံးများဖြင့် စွမ်းအင်တစ်ခု စုစည်းသိပ်သည်းနေကြောင်းကို ရှင်းလင်းစွာမြင်နိုင်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now