1966 - 1970

46 5 0
                                    

အပိုင်း (၁၉၆၆)

     လေဟွမ်ကို ကြည့်ပြီးနောက် ချင်နန်၏ မျက်နှာ ရှုံ့မဲ့သွားသည်။

    သူ့မျက်လုံး၊ နှာခေါင်းနှင့် မျက်နှာအဆစ်အပေါက်က လောင်ဂူးနှင့် တစ်ပုံစံတည်းဖြစ်သည်။
     သူသည် ဆက်ခံသူမဟုတ်ဘဲ လောင်ဂူး၏ သားဖြစ်စည်။
     ချင်နန် ကောင်းကင်အဆင့်၏ ထိပ်တန်းဆယ်ယောက်ထဲက တခြားပါရမီရှင်များကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။

       သူတို့၏ ပင်ကိုပါရမီက အတော်လေး အထင်ကြီးဖွယ်ရာပင်ဖြစ်သည်။
    သူတို့သည် ငယ်ရွယ်သော အသက်အရွယ်ဖြင့် သိုင်းဘုရင်အဆင့်ကိုရောက်ရှိကာ စွမ်းရည်အမျိုးမျိုးကိုပင် ပိုင်ဆိုင်သည်။
      ပုံမှန်သိုင်းဘုရင်များသည် သူတို့နှင့် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

     “သူတို့က မဆိုးပါဘူး…ဒါပေမဲ့ သိုင်းဘုရင်အဆင့်ကိုတက်တာ အရမ်းလောလွန်းတယ်…သူတို့ရဲ့ အခြေခံအုတ်မြစ်က နည်းနည်း လိုသေးတယ်…သူတို့က အဲဒါကို သတိထားပြီး ပြန်ပြင်ဖို့ အစွမ်းကုန်ကြိုးစားရမှာ"
     ချင်နန် အရေးမစိုက်စွာပြောလိုက်သည်။
     “ရှောင်လင်းအာ နင်ကအခုသိုင်းဘုရင်တစ်ဝက်အဆင့်ကိုရောက်ပြီ…ဒါကြောင့်မလို့ နင့်ရဲ့ အခြေခံအုတ်မြစ်ကို ပိုပြီးအာရုံစိုက်သင့်တယ်…အခြေခံအုတ်မြစ်က ပိုခိုင်မာလေလေ နင်အနာဂတ်မှာ ရနိုင်တဲ့အကျိုးအမြတ်တွေက ပိုကြီးလေပဲ"

     ချင်နန် စကားလုံးများသည် ချက်ချင်းပင် အေးစက်သော အကြည့်များစွာကို ဖမ်းစားသွားသည်။
     သူ့အသံက မကျယ်သော်လည်း အနီးက ကျင့်ကြံသူများသည် သိုင်းဘီဘင်အထက်အဆင့်များ ဖြစ်သောကြောင့် သူ့စကားကို ရှင်းလင်းစွာကြားနိုင်သည်။

     ချက်ချင်းပင် ရှောင်လင်းအာ၏ မျက်နှာပျက်သွားပြီး မကြည်မသာဖြင့် ပြောလိုက်သည်။
      “နင် ကိုယ်ဘာပြောနေလဲဆိုတာ မသိရင် လျှောက်မပြောသင့်ဘူး…ကောင်းကင်အဆင့်ရဲ့ ပါရမီရှင်တိုင်းက သိုင်းဘုရင်အဆင့်ကိုတက်တဲ့အချိန်မှာ သူတို့သိုင်းသစ်ပင်ရဲ့ အလားအလာကို အကန့်အသတ်ထိရောက်အောင်မြှင့်ကြတယ်...သူတို့ရဲ့ အခြေခံအုတ်မြစ်က ဘယ်လိုလုပ် ယိုင်မှာလဲ"
    ရှင် ကျွန်မကို လာနောက်နေတာလား…

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now