၁၆၁၆ - ၁၆၂၀

343 33 0
                                    


အပိုင်း (၁၆၁၆)နိယာမ၏ အပြင်ဘက်က အရပ်

       ဒေါင်…

      ခေါင်းလောင်းသံတစ်သံ မြည်းဟည်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက်တွင် ချင်နန်၏ ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ရာ စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး အဝေးတွင်ရှိသော ရွှေရောင်တိမ်စိုင်များထံက ကျန်ရှ်ိသော စွမ်းအင်များကို စုပ်ယူလိုက်သည်။
     အသက်သုံးရှိုက်အတွင်း စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။

      သူ၏ ခန္ဓာကိုယ်ထဲက အရိုးတိုင်း စတင်ဆင့်ကဲပြောင်းလဲလာသည်။
     အရိုးများကိုဖုံးလွှမ်းထားသည့် ခရမ်းရောင်သင်္ကေတများသည်လည်း ရုတ်တရက် တာအိုအလင်းများထုတ်လွှတ်လိုက်သည်။

      “တာအို…တာအိုသင်္ကေတတွေလား"
     ချင်နန် တုန်လှုပ်သွားသည်။
     တာအိုအဆင့်ကိုအောင်မြင်ထားသည့်လူများသာ တာအိုအလင်းကိုထိန်းချုပ်ပြီး တာအိုသင်္ကေတများကိုထုတ်လွှတ်နိုင်သည်။
    လက်ရှိတွင် သူသည် တာအိုအဆင့်၏ ကြီးမားသောအောင်မြင်မှုအဆင့်ကိုရောက်ရှိထားသည့်တိုင် သူ၏ ခန္ဓာကိုယ်သည်လည်း တာအိုသင်္ကေတများ ပိုင်ဆိုင်သည်ဟုမဆိုလိုပေ။

       “နေပါဦး…ဒီတာအိုသင်္ကေတတွေမှာ စစ်နတ်ဘုရားရဲ့ စွမ်းအင်ရှိတာပဲ…ဒါတွေက စစ်နတ်ဘုရားရဲ့ တာအိုသင်္ကေတတွေပဲ"
     ချင်နန် နောက်ကွယ်က အမှန်တရားကိုသိရှိသွားကာ အလွန်အံ့ဩသွားသည်။
    သူ စစ်နတ်ဘုရား၏ ခန္ဓာနှင့် ပေါင်းစည်းသွားစဥ်ကတည်းက သူ၏ ခန္ဓာကိုယ်သည် ယခင်နှင့် မတူတော့ပေ။
     သူ ကောင်းကင်ထိုင်ဟွမ်အစစ်အမှန်ကျမ်းစာကို လေ့ကျင့်ရန် ကြိုးပမ်းချိန်က စစ်နတ်ဘုရား၏ စိတ်ဆန္ဒသည် သူ့ကို တားဆီးခဲ့သည်။
    ယခုအချိန်၌ စစ်နတ်ဘုရား၏ တာအိုသင်္ကေတများ ပေါ်လာသည်။
    ယခင်က သူခန့်မှန်းထားခဲ့သည့် စစ်နတ်ဘုရားက သူ့အတွက် တာအိုချန်ထားသည်မှာ မှန်ကန်သည်ဟု ဆိုလိုသလော...
     စစ်နတ်ဘုရား၏ တာအို…
 
     “ဒီလိုဖြစ်နိုင်တယ်"
      ချင်နန်၏ မျက်လုံးထဲ ရွှေရောင်မီးလျှံများ ပြင်းထန်စွာလောင်ကျွမ်းသွားပြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
    အကယ်၍ သူတွေးထားသလိုဆိုပါက ၎င်းသည် သူ့အတွက် သတင်းကောင်းကြီးဖြစ်သည်။
     မတူညီသော  တာအိုများတွင် မတူညီသောအဆင့်များနှင့် ကိုယ်ပိုင်အားသာချက်များရှိသော်လည်း စစ်နတ်ဘုရား၏ တာအိုသည် သာမန်တာအိုများထက် ပိုအစွမ်းထက်လိမ့်မည်ဖြစ်သည်။
     မကြာခင်၌ ချင်နန် သူ၏အတွေးများကို စုစည်းလိုက်သည်။ ယခုအချိန်၌ သူစိတ်လှုပ်ရှားဖို့ စော‌နေသေးသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now