1706 - 1710

243 27 0
                                    

အပိုင်း (၁၇၀၆) ကြောက်စရာတိုက်ပွဲ

        မီးခိုးရောင်အ၀တ်အစားနှင့်လူသည် လှုပ်ရှားလိုက်သည်။ သူသည် အင်မော်တယ်ဓားဖြင့် ရှေ့ကိုခုတ်ပိုင်းလိုက်ရာ သူနှင့် လီတစ်သိန်းအတွင်းမှ ဧရိယာသည် မငြိမ်မသက်ဖြစ်လာသည်။
      အကန့်အသတ်မဲ့ဓားအလင်းသည် ပျောက်ကွယ်သွားပြီးနောက် လေဟာနယ်ထဲတွင် ပြန်လည်ထွက်ပေါ်လာသည်။
      ဓားသည် သေမျိုးလောကသို့ ဆင်းသက်လာသည့် ကောင်းကင်၏ စိတ်ဆန္ဒအလားဖြစ်သည်။ ၎င်းသည် လောကကပ်ဘေးပမာ အရာအားလုံးကို ဖျက်ဆီးရန် ကြံစည်နေပုံရသည်။

     ကျင့်ကြံသူများ အလွန်တုန်လှုပ်သွားသည်။
     အချို့မှာ မျက်နှာများပင် ဖြူဖျော့သွားပြီး လောကထဲက သစ်ရွက်လေးတစ်ရွက်လေးအလား သို့မဟုတ် သဲမုန်တိုင်းထဲက သဲတစ်မှုန်အလား ခံစားလိုက်ရသည်။
        ပိုင်းချက်၏ ဓားစွမ်းအင်နည်းနည်းလေးကပင် သူတို့အားလုံးကို အစွမ်းလှိုင်းတစ်ခုပမာ အလွယ်တကူဖျက်ဆီးပစ်နိုင်သည်။

    “ကိုး‌ကောင်းကင်အဓိပတိ"
     ဒုခေါင်းဆောင်ဟွာယု၊ သံတမန်သုံးယောက်၊ ပြိုင်ဘက်ကင်းအုပ်စိုးသူများနှင့်  အစွမ်းထက်ပုဂ္ဂိုလ်များ အလွန်တုန်လှုပ်သွားကြသည်။

      “ဘာ…ဘာ…ကိုး…ကိုးကောင်ကင်အဓိပတိလား"
    ရှိနေကြသော ကျင့်ကြံသူများ၏ ဝိညာဉ်များ တုန်ရီသွားသည်။

       ကိုး‌ကောင်းကင်အဓိပတိသည် ကိုးကောင်းအင်မော်တယ်ဘုံတစ်ခုလုံးတွင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အဓိပတိတာအိုအင်အားစုတစ်ခုကို အလွယ်တကူ ထူထောင်နိုင်သည်။
     ပုံမှန်အားဖြင့် ကိုး‌ကောင်းကင်အဓိပတိတစ်ယောက်၏ အသံကိုကြားဖို့ သူတို့၏ စိတ်ဆန္ဒတစ်ခုကိုမြင်ရဖို့ပင် အလွန်ရှားပါးသည်။ တိုက်ပွဲတစ်ပွဲဆိုပါက ပိုလို့တောင် မဖြစ်နိုင်ပေ။
      သို့သော်လည်း ကိုး‌ကောင်းကင်အဓိပတိတစ်ယောက်သည် ချင်နန်ကို ရှင်းပစ်ဖို့အတွက် ကောင်းကင်နယ်မြေကို ရောက်လာပါသလော…

     “ကောင်းကင်အင်မော်တယ်အထက်အဆင့်ကျင့်ကြံသူအားလုံး တောင်ကို ကာကွယ်ဖို့ လုပ်ကြ"
    ထိုအချိန်၌ ဒုခေါင်းဆောင်ဟွာယုသည် တင်းမာစွာပြောလိက်ပြီး သူ၏ အော်ရာကိုထုတ်လွှတ်လိုက်သည်။ သူသည် ချက်ချင်းပင် လက်ဟန်သင်္ကေတ ထောင်ချီပြုလုပ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now