1701 - 1705

245 29 0
                                    

အပိုင်း (၁၇၀၁) ဘက်လိုက်ခြင်း

      “ဘာဖြစ်တာလဲ…တစ်ယောက်ယောက်အင်မော်တယ်အဖြစ်အဆင့်တက်နေတာလား"

     “ဒါက ကောင်းကင်အင်မော်တယ်တောင်မှာ ဖြစ်နေတာလား...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

     ကောင်းကင်နယ်မြေထဲက မဟာအကြီးအကဲများ၊ တံခါးပိတ်ကျင့်ကြံနေသော မြေအင်မော်တယ်များနှင့် ကျင့်ကြံသူများသည် ဖြစ်ရပ်ဆန်းကြောင့် အလွန်အံ့ဩသွားကြသည်။

       သူတို့အားလုံး ချက်ချင်းပင် အဝေးသို့ ပျံသန်းသွားကြသည်။
     တစ်စုံတစ်ယောက်အတွက် အင်မော််တယ်အဖြစ်အဆင့်တက်ဖို့ ခမ်းနားကြီးကျယ်သော အခါသမယနှင့် အဖိုးတန်ရတနာများ လိုအပ်ကြောင်းကို လူတိုင်းသိကြသည်။
     လက်ရှိ၌ ကောင်းကင်အင်မော်တယ်တောင်တွင် အသန်မာဆုံးအင်မော်တယ်တိုက်ပွဲဖြစ်ပွားနေသည်။ ၎င်းသည် တကယ်ကို ခမ်းနားသောအခါသမယဖြစ်သော်လည်း ထိုနေရာတွင် ရတနာများမရှိပေ။
        ထို့ပြင် အသန်မာဆုံးအင်မော်တယ်တိုက်ပွဲတွင် လူသားအင်မော်တယ်များသာ ပါ၀င်နိုင်သည် မဟုတ်ပါလော…

    အဘယ်ကြောင့် ကျင့်ကြံသူတစ်ယောက်သည် အင်မော်တယ်အဖြစ်အဆင့်တက်နေပါသနည်း…

     ထိုစဉ်အတောအတွင်း ကောင်းကင်အင်မော်တယ်တောင်ထိပ်တွင်…

     “မဖြစ်…မဖြစ်နိုင်ဘူး…"
    ဒိုဂျိုပေါ်က ပြိုင်ဘက်ကင်းပါရမီရှင်များ၊ ကျင့်ကြံသူများ၊ တိုက်ပွဲကိုကြည့်နေသော အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ပြိုင်ဘက်ကင်းအုပ်စိုးသူများ အလွန်အံ့ဩသွားသည်။

    မန်ကျိုးကုန်၊ သံတမန်ဖုန်ချန်၊ သံတမန်လုံ၀မ်၊ သံတမန်ရွဲ့ကျွယ်တို့ပင် တုန်သွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။ သူတို့ကိုယ့်မျက်လုံးကို မယုံနိုင်ကြပေ။
       ဘာဖြစ်တာလဲ…
       ချင်နန်က အင်မော်တယ်ဖြစ်နေပြီမဟုတ်ဘူးလား…
      သူက လူသားအင်မော်တယ်အဆင့်ရောက်နေတာကို ဘယ်လိုလုပ် အတိဒုက္ခက ထပ်ပေါ်လာတာလဲ…

       “သံတမန်တို့ ချင်နန်က တိုက်ပွဲမှာ မပါခင်မှာ သူ့မှာ အင်မော်တယ်စွမ်းအင်အဖြစ်ဆင့်ကဲမပြောင်းလဲသေးတဲ့ နောက်ဆုံးနတ်ဘုရားစွမ်းအင်နည်းနည်း‌ကျန်သေးတယ်…ဆိုလိုတာက သူက အပြည့်အ၀အင်မော်တယ်မဖြစ်သေးဘူး…သူအင်မော်တယ်အဖြစ် အဆင့်တက်နိုင်ဖို့အတွက် အသန်မာဆုံးအင်မော်တယ်တိုက်ပွဲကလွဲလို့ တခြားရွေးချယ်စရာမရှိခဲ့ဘူး"
     အတိသုခအင်မော်တယ်အင်ပါယာ၏ မျက်လုံးထဲ ပျော်ရွှင်မှုအရိပ်အငွေ့များယှက်ပြေးသွားသည်။ သူမတ်တတ်ရပ်ကာ လက်သီးစု၍ ပြောလိုက်သည်။
     “ချင်နန်က တမင်တကာ လှည့်စားဖို့ ကြိုးစားတာ မဟုတ်ပါဘူး…ဒါပေမဲ့  သူ့အတွက် အင်မော််တယ်အဖြစ်အဆင့်တက်နိုင်ဖို့က အရမ်းအရေးကြီးတယ်…သူ့အတွက် ဒီလိုလုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိဘူး"
     ကျင့်ကြံသူများ၊ ပြိုင်ဘက်ကင်းပါရမီရှင်များ၊ အစွမ်းထက်ပုဂ္ဂိုလ်များ၊ ပြိုင်ဘက်ကင်းအုပ်စိုးသူများနှင့် သံတမန်သုံးယောက်သည် ချက်ချင်းပင် သူတို့၏ အတွေးများကို စုစည်းလိုက်သည်။
     သူတို့၏ မျက်နှာထက်၌ အလွန်အံ့ဩမှုများ ပြည့်နှက်နေသည်။
     သူတို့ထဲက မည်သူမျှ ထိုကဲ့သို့အရာတစ်ခုဖြစ်ပွားလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မည်သည့်အသန်မာဆုံးအင်မော်တယ်တိုက်ပွဲတွင်မဆို ဤကဲ့သို့အရာမျိုးတစ်ခါမှ မဖြစ်ဖူးပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now