1771 - 1775

246 26 1
                                    

အပိုင်း(၁၇၇၁)ထောင်ချောက်ဆင်ခြင်း

   အင်မော်တယ်အင်ပါယာကျန်းကျွယ်နှင့် တခြားပြိုင်ဘက်ကင်းအုပ်စိုးသူများအံ့ဩသွားသည်။

   ချင်နန်နှင့် သူ့လူများသည် နတ်ဆရာဆယ်ယောက်တားမြစ်သွေးအစီအရင်၏ အန္တရာယ်ထောင်ချောက်များထဲက တစ်ခုကို ရင်ဆိုင်နေသည်ဟု ဆိုလိုသည်မဟုတ်ပါလော…

      “အိုး…ချင်နန် ကောင်းကင်ကတောင် မင်းကိုသေစေချင်တဲ့ပုံပဲ"
    အင်မော်တယ်အင်ပါယာကျန်းကျွယ် အေးစက်စွာပြုံး၍ ပြောလိုက်သည်။
    ချင်နန်တို့လူစုသည် နတ်ဆရာဆယ်ယောက်တားမြစ်သွေးအစီအရင်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု သူမယုံကြည်ပေ။

      “အင်မော်တယ်အင်ပါယာကူချင် ဒါကျုပ်တို့ကိုမထိခိုက်စေဘူးမလား"
    ရှူလိုင် မချိပြုံးပြုံး၍ မေးလိုက်သည်။
     အကြောင်းအရင်းတချို့ကြောင့် သူ၏ စိတ်ထဲ မတင်မကျဖြစ်နေသညါ။

    အင်မော်တယ်အင်ပါယာကူချင် စကားမပြောရသေးခင်မှာပင် ရှောင်ရီယုသည် သူ့ကိုအထင်သေးစွာဖြင့်ကြည့်ကာ ပြောလိုက်သည်။
     “ရှူလိုင်…မင်းတကယ်ကြောက်နေတာလား…မင်းက အလွှာတစ်သောင်းအင်မော်တယ်နန်းဆောင်ရဲ့ အကြီးအကဲတစ်ယောက်မဟုတ်ဘူးလား"

     ရှူလိုင် ‌နည်းနည်းဒေါသထွက်သွားသော်လည်း ပြန်ပြောရန်စကားရှာမတွေ့ပေ။

     အင်မော်တယ်အင်ပါယာကူချင် တည်ငြိမ်စွာ ပြုံးလိုက်သည်။
     “အင်မော်တယ်အင်ပါယာကျန်းကျွယ်ပြောတဲ့အတိုင်းပဲ နတ်ဆရာဆယ်ယောက်တားမြစ်သွေးထဲက တစ်ခုနှစ်ခုလောက်ကို အသက်သွင်းမိတာက ကျွန်မတို့အပေါ်အများကြီးသက်ရောက်မှုမရှိဘူး…ကောင်းပြီ…တကယ်လို့ တခြားဘာမှမရှိတော့ဘူးဆိုရင်တော့ တခြားသူတွေကိုမခေါ်ဘဲနေရအောင်"
      အလွှာတစ်သောင်းအင်မော်တယ်နန်းဆောင်က ထိုအကြီးအကဲသည် များစွာစိုးရိမ်စိတ်ကြီးသည်ဟု သူမ ခံစားရသည်။
    သူမသာမက တခြားပြိုင်ဘက်ကင်းအုပ်စိုးသူများတွင်လည်း အလားတူအတွေးမျိုးရှိသည်။

     သူတို့သည် ရှူလိုင်လိုလူက မည်ကဲ့သို့ အကြီးအကဲတစ်ယောက်ဖြစ်လာကြောင်းကိုပင် သူတို့ သံသယဝင်နေကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now